Part-25 (Final)

1K 26 11
                                    

နေဝင်ရောရီ မှောင်ရိပ်ပြုကာစအချိန်ပင် ဖြစ်နေပြီး ကောင်းကင်မှာ နီကျင့်ကျင့် အရောင် ဖျော့ဖျော့သာရှိတော့သည်..။

ပတ်ဝန်းကျင်မှာ မတ်စောက် နေလျှက်
လေပြင်းတစ်ချို့ပါ တွဲ၍ တိုက်ခက်
နေသည်...။

( နွေ....
စိတ်ကူးထဲဝယ် နာမ်စားလေး ကအစ ပုံဖော်မိသည်နှင့် ရင်အစုံကို အေးချမ်းစေသလို လောင်မြိုက်စေသူ.....။
သူမဟာရေအသွင်နှင့် မီးတောက်မီးလျှံ တစ်ခုပင်..။ မီးတောက်ထဲ သို့ တိုးဝင်မိလျှက်သား...ဖြစ်နေသော ကျမကလဲ ရဲရဲကြီးကို ဆက်၍တိုးဝင်နေမိသည်...။ ပြန်လှည့်ရန်လည်း စိတ်ကူးမရှိ....။
နွေ့ကို စိတ်ချမ်းသာစေချင်သည်...။
နွေ ထားရာနေ စေရာ သွားမည်...။ သေဆိုလျှင်တောင်သေပေးမည်...။ )

ဦးတည်ရာသည် ဘယ်ဆီဘယ်ဝယ်ရယ်မ
သိ။
ကျမ လမ်းလျှောက်နေသည်မှာ နာရီပေါင်း 9
နာရီကျော်မျှရှိမည် ထင်သည်...။
  ခြေဖဝါးများကလဲ စပ်ဖျင်းဖျင်းနှင့် နာကျင်နေသည် ..။
ကျမရဲ့ ဖိနပ်ကလေးကတော့ လမ်းမှာတင် ပျက်၍ချွတ်ထားခဲ့၏....။
လမ််းတစ်လျှောက် လေအဝှေ့မှာ
လူးလွှင့်နေသော သစ်ရွက်များနှင့် ကျမရဲ့ ခြေဖဝါးမှ သွေးအချို့ စိုစွတ်သွားသော  မြက်စိမ်း များသာ..ပတ်ဝန်းကျင်မှ ကျမရဲ့ဖြစ်တည်မှုကို သိရှိလိမ့်မည်...။
မတ်စောက်နေသော မျက်နှာပြင်ပေါ်
လမ်းလျှောက်ရသည်မှာ သိတ်တော့မလွယ်လှ ။
ကျမကို မုန်းဟန်ရှိနေသော ခဲချွန်ချွန်များလဲရှိသေးသည်...။

တဖြေးဖြေး နှင့် လမ်းလျှောက်ရသည်မှာ ပို၍ပို၍မတ်စောက် လာပြီး ဒူးများပင်ခွေလဲ ကျချင်လာသည်....။
သို့သော်ကျမဆက်လျှောက်ရမည်။
ဆယ်မိနှစ် ခန့်အကြာမှာ ကျမလမ်းလျှောက်နေရာမှရပ်သွားသည်...။
ကျမ၏ အရှေ့တွင် ခပ်နက်နက် ဒလဟာပြင်တစ်ခုရှိနေ၏...။ .
စိတ်လိုလက်ရ တစ်ချက်ပြုံးမိလိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်တော့ လခြမ်းကွေးကလေးမှာ ထွက်စပင်ပြုနေပြီ...။
ထို့နောက်ကျမမျက်လုံးများ မှိတ်လိုက်ပြီး...

- ငါ့ ရဲ့ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရားကို တိုင်တည်ပြီးကျိန်ဆိုတယ်...အခုငါ့အထက်မှ လခြမ်းကွေးကလေးမှလွဲ၍ အခုငါ့ရဲ့အဖြစ်အပျက်ကို မည်သူတစ်ဦးတစ်ယောက်မှမသိစေရ....မည်သူတစ်ဦးတစ်ယောက်မှမတွေ့စေရ...။

Scarlet Area - ကတ္တီပါဧရိယာWhere stories live. Discover now