ဒေါက်ဒေါက်ဒေါက်...
မနက်ခင်းအစောကြီး ဘယ်သူတံခါးလာခေါက်နေပါလိမ့်...ကျမဖြင့် ခုမှမျက်နှာသစ်ပြီးကာစရှိသေး...။
နွဦေးထိုသို့တွေးကာ..တံခါးသွားဖွင့်လိုက်တော့..
- အော်..အကိုပါလား..ဘာကိစ္စရှိလို့လဲ အစောကြီးဘဲ။
- ရွာထဲမှာ ပေါင်မုန့်ဆိုင်ကောင်းကောင်းတစ်ခုရှိတယ်လေ...အရမ်း မကြီးပေမဲ့လဲ လက်ရာအရမ်းကောင်းတာမို့ မနက်စာသွားဝယ်ရအောင်လာခေါ်တာ
- ခနနော်အကို နွဦေး ဆောင်းကိုနိုးလိုက်ဦးမယ် ...အာ မနိုးတော့ပါဘူး သူခရီးပန်းနေတာ .. ခက်ညိုတို့ရွှေရုပ်တို့ကိုရောအကိုခေါ်ပြီးပြီလား...။
- သူတို့ကလား သူတို့က ဟိုဘက်ကကော်ဖီခြံကို သွားလည်တယ်လေ ။
- ဟုတ်လား...အင်းပေါ့ ဒါဆိုလဲနွဦေးတို့ဘဲသွားဝယ်ကြတာပေါ့..။
- ဟုတ်ပြီ သွားကြရအောင်..။~~~~~~~~~~~~
ကောင်မလေးနှစ်ယောက်နှင့် ကောင်လေးတစ်ယောက် ကော်ဖီစိုက်ခင်း တွင်လမ်းလျှောက်ရင်းစကားပြောနေကြသည် ။
- စိုင်းနောင်နဲ့ နေလွင်တို့ကဒါဆို ခင်တာကြာပြီပေါ့...။
-ဒါပေါ့ဗျ နေလွင် ဒီကိုစပြောင်းလာကထဲကကျနော်နဲ့ ဦးဆုံးသိတာဘဲ...။- အော်..။
- ကျနော်ရယ် နေလွင်ရယ်လင်းစီရယ်က အတော်ပေါင်းဖြစ်ကြတာ ။
- ကောင်းပါတယ် ရွယ်တူလေးတွေဆိုတော့ပေါင်းလို့ကောင်းမာဘဲ ။
- ဒါပေါ့ဗျ.. အော် ကျနော်အခုမှသတိရတယ်..အန်တီမြတ်တို့ဖို့ ဘုရားပန်းခူးပေးရဦးမာဘဲ အမခက်ညို ကျနော်နဲ့ ဟိုဘက်ခြံကို ပန်းလိုက်ကူသယ်ပေးပါ့လား ...အမရွှေရုပ်ကတော့ ဒီမာခနစောင့်နေပေး ။
- ရွှေရုပ်ဒီမာခနစောင့်နော်...ခက်ညိုသွားကူသယ်ပေးလိုက်ဦးမယ်..။
- ဟုတ်ပြီ ဟုတ်ပြီ ။အခုတော့ ကော်ဖီစိုက်ခင်းတွင် ကောင်မလေးတစ်ယောက်သာကျန်ခဲ့သည် ။
ရွှေရုပ်လဲ ပျင်းပျင်းနှင့်ဆက်ရှောက်ရင်း စိုက်ခင်း၏ဘေးတစ်နေရာ တွင်နေကျောပေးထိုင်နေသော ဆောင်းအားသွားတွေ့၏ ။
- ဆောင်း...သူငယ်ချင်း။
ရွှေရုပ်အော် ခေါ်ကာ ပုခုံးအား ပြေးဖက်လိုက်သည် ။
YOU ARE READING
Scarlet Area - ကတ်တီပါဧရိယာ
Mystery / Thrillerနူးညံ့တဲ့ ချစ်ခြင်းတစ်မျိုးမှာ မနူးညံ့ခြင်း အမျိုးအစားတွေရှိနေတတ်တာက ထူးဆန်းမနေဘူးလား...? မှားတယ် !! လူအချို့အတွက်ကြ ထူးဆန်းပြီး လူအချို့အတွက်ကြ သဘာဝဆန်သတဲ့...။ နွေဦး ကဗျာ - ကျမ ကျိန်ဆိုပါတယ် ကျမရဲ့ အသက်နဲ့ခန္ဓာမြဲနေသ၍ ကျမရှင့်ကို လိုက်ရှာမယ်ဆောင...