အံ့သြမင်သက်လွန်းသဖြင့် စကားများပင်တိတ်ဆိတ်နေသည့် ဆောင်းနှင့်နွဦေးတို့ကြား.....ဒေါ်ပန်းဖြူရောက်လာပြီး..
- အဒေါ်တို့ ဘာလို့ မကျွတ်ရသလဲဆိုတာသိပြီထင်ပါတယ် ..ရွှေရုပ်ကတော့ခက်ညိုကိုပြောပြလိုက်ပြီ....အခုတော့ သမီးတို့ကိုအရင် ပြန် ပို့ပေးမယ်...။
ရုတ်တရက် နွဦေးတို့အား တစ်ခုခုကဆွဲယူလိုက်သလို ပတ်ဝန်းကျင်မှာ အလျင်တစ်ခုဖြစ်သွားပြီး ခနအကြာတွင် ဆောင်း..နွဦေးအား ပရိတ်ကြိုးဖြတ် ပြီး နေသည့် အနေအထားအတိုင်း ပြန်ရောက်သွား သည်။
- ဆောင်းအလင်္ကာ နင်ရူးနေတာလား? အဲ့ပရိတ်ကြိုးမရှိရင် နင်တို့သေသွားနိုင်တယ် နားလည်လား..
ဦးဝေလွင်မှာ ပြတ်နေသော နွဦေး၏ ပိရိတ်ကြိုးအားကြည့်ပြီး...ဒေါသထွက်လာသလို အော်ပြောလိုက် သည်။
နွဦေးတို့ ဘာတွေဖြစ်လို့ဖြစ်မှန်းမသိအောင် ကြောင်စီစီ ဖြစ်နေကြချိန် ...
( ဝုန်းးးးး)
ဘယ်အချိန်ကထွက်သွားမှန်း မသိသော ခက်ညိုမှာ ရွှံ့ဗွက်များပေကျန်ပြီး ပေါက်ပြားကြီးကိုင်လျှက် တံခါးမကြီး အား ..ဝုန်း ကနဲဖွင့်ဝင်လာ၏.. ။- ဟားးးဟားးး"
နှုတ်မှလဲတဟားဟားအော်ရယ်ပြီး...
- နင်တို့ မိသားစု သေရတော့မယ်" ဟားဟား"
( ဂျိန်းးးဂျိန်းးး)
မိုးခြိမ်းသံမှာကျယ်လောင်စွာ ထွက်ပေါ်လာပြီး မိုးများမှာ ပို၍ပင် သည်းထန်လာသလိုပင်..။
ဦးဝေလွင် ခက်ညိုအား ကြည့်ရင်း တစ်ခုခုသတိပြုမိသလိုဖြစ်သွားပြီး အလွန်ပင်ထိတ်လန့်သွား သည်။
ထို့နောက်..အလန့်တကြားဒေါသတစ်ကြီးဖြင့်- နင် နင်...နင်ဘာလုတ်လာတာလဲ!!? နင်သူတို့ကိုယ်ကိုပတ်ထားတဲ့ အစီအရင်တွေကိုဖြုတ်ခဲ့တာလား..ဟုတ်လား ဟုတ်လား!!!?
- ဟုတ်တယ်...အခုတော့ခဗျားတို့အကုန်သေရတော့မှာလေ..ဟားဟား"
- ခွေးမ!!!နေလွင် ဒေါသတစ်ကြီးဖြင့် ခက်ညိုထံပြေးဝင်လာပြီး ထိုးမည်အလုတ် ခက်ညိုအမြန်ရှောင်လိုက်ပြီး နေလွင့် လည်ပင်းမှ ပရိတ်ကြိုးအား အလျှင်မြန်ပင် ဆွဲဖြုတ်လိုက်သည်..။
YOU ARE READING
Scarlet Area - ကတ်တီပါဧရိယာ
Mystery / Thrillerနူးညံ့တဲ့ ချစ်ခြင်းတစ်မျိုးမှာ မနူးညံ့ခြင်း အမျိုးအစားတွေရှိနေတတ်တာက ထူးဆန်းမနေဘူးလား...? မှားတယ် !! လူအချို့အတွက်ကြ ထူးဆန်းပြီး လူအချို့အတွက်ကြ သဘာဝဆန်သတဲ့...။ နွေဦး ကဗျာ - ကျမ ကျိန်ဆိုပါတယ် ကျမရဲ့ အသက်နဲ့ခန္ဓာမြဲနေသ၍ ကျမရှင့်ကို လိုက်ရှာမယ်ဆောင...