ဒုန်းဒုန်းဒုန်း..
- ခက်ညို တံခါးဖွင့်ဦး..ခက်ညို..!!
ဒုန်းဒုန်းးး
ဆောင်း ခက်ညိုတံခါးအား အတင်းထုရင်းအော်ခေါ်နေမိသည်...။ အချိန်မဆွဲဘဲ တံခါးမှာလဲပွင့်လာကာ..နွဦေးလာဖွင့်တာဖြစ်နေပြီး...
- ရှင် ဘာလို့ စွတ် ထုနေတာလဲ...
- မဟုတ်ဘူး...တို့မှာပြောစရာတွေရှိတယ်..ခက်ညိုအထဲမှာရှိတယ်မလား..အခန်းထဲသို့ အတင်းဝင်နေသော..ဆောင်းအား နွဦေးတားလိုက်ကာ..
- နေဦး...ဘာတေအရေးကြီးနေတာလဲ ခက်ညိုကအခုမှအိပ်သွားတာ...သူမအိပ်တာ နှစ်ရက်ရှိပြီဆိုတာရောရှင်သိတယ်မလား...ဘာတေပြောစရာရှိနေတာလဲကျမကိုပြော...။
- ပြောမယ်..ပြောပြမယ်...ဒါမဲ့တို့အခန်းထဲခနလိုက်ခဲ့ရမယ် ဒီနားမှာအဆင်မပြေဘူး....။- ဆိုတော့...ရွှေရုပ်က ရှင့် အိမ်မက်ထဲမှာ...သရဲပုံစံဖြစ်နေတယ်ပေါ့...
- ဟုတ်တယ်..
- အဲ့တာကို ခက်ညိုကိုစောနက လာပြောပြမလို့ပေါ့
- ဟုတ်တယ်လေ..
- ရှင် ရူးသွားပြီလား...ဟမ်....အခြေမြစ်မရှိတဲ့စိတ်စွဲတဲ့အိမ်မက်သာသာကို ကျမသူငယ်ချင်းကို ခုထက်ပိုပြီး အခြေနေဆိုးသွားစေချင်တာလား..?
- အကူညီတောင်းခဲ့တာ...ရွှေရုပ်က ငါ့ကိုအကူညီတောင်းခဲ့တာ...ပြီးတော့ငါက တစ်ခြားသူမဟုတ်ဘူး....ဆောင်းအလင်္ကာ ရှင်းလား ငါက ဆောင်းအလင်္ကာ..။- ဒါဆို ရွှေရုပ်ရဲ့ဝိဉာဉ်ကဘယ်မှာလဲ ရှင်ပြောလေ..ဟမ်...ပြောလေ ရွှေရုပ်သာတစ်ခုခုဖြစ်ရင် ရှင်တွေ့နေရမှာမဟုတ်လား...ပြီးတော့ ရှင်သိထားရမှာက ရွှေရုပ်က ပျောက်သွားတဲ့နေ့က တောင်အောက်ဆင်းတဲ့ကားနဲ့ လိုက်သွားတယ်ဆိုတာဘဲ...
- ဘာ ဘာပြောတယ်..
- ရွှေရုပ်က တောင်အောက်ဆင်းတဲ့ကားနဲ့လိုက်သွားပြီလို့...
- ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ...
- ကားသမားကိုယ်တိုင် ဓာတ်ပုံကိုသေချာလာကြည့်ပြီး အတည်ပြုပေးသွားတာဘဲ မယုံရင်ဦးဝေလွင်ကိုသွားမေးကြည့်လိုက်တော့....ကျမရှင့်ရဲ့ အခြေအမြစ်မရှိတဲ့ အိမ်မက်တွေသာတကတွေကို ဆက်နားမထောင်နဲ့တော့ဘူး...ကျမသွားပြီ....
YOU ARE READING
Scarlet Area - ကတ်တီပါဧရိယာ
Mystery / Thrillerနူးညံ့တဲ့ ချစ်ခြင်းတစ်မျိုးမှာ မနူးညံ့ခြင်း အမျိုးအစားတွေရှိနေတတ်တာက ထူးဆန်းမနေဘူးလား...? မှားတယ် !! လူအချို့အတွက်ကြ ထူးဆန်းပြီး လူအချို့အတွက်ကြ သဘာဝဆန်သတဲ့...။ နွေဦး ကဗျာ - ကျမ ကျိန်ဆိုပါတယ် ကျမရဲ့ အသက်နဲ့ခန္ဓာမြဲနေသ၍ ကျမရှင့်ကို လိုက်ရှာမယ်ဆောင...