Part-8 Z

12 0 0
                                    

[ ဒေါ်ပန်းဖြူနှင့် ပန်းလေး သေဆုံးသောလပြည့်ရက် နေ့ညဖြစ်သည် ]

8:30PM

ဧည့်ခန်းထဲရှိ စတီခုံများတွင် နွဦေးတို့လေးယောက်နှင့် မိုးယံတို့မိသားစု နေလွင့်အားထိုင်စောင့်နေကြသည် ။
အိမ်အပြင်တွင် နေ့လည်ကထဲမှ ရွာသွန်းသော မိုးရေမှာ...အညှိုးကြီးစွာ ယခုထိပင်သည်းထန်စွာရွာသွန်းလျှက် ။

- ဖေဖေ ညီလေးက ကြာလိုက်တာဗျာ..လမ်းမှာတစ်ခုခုများဖြစ်နေတာလားမသိဘူး..။
- မိုးယံရာ နေလွင်ကဖေဖေ့ကို အကြောင်းကြားထားပါတယ်...ဆရာတော်က ခရီးလွန်နေတာမို့ သူလဲပြန်ရောက်တာကြာမယ်တဲ့...။
- ဒါမဲ့...

မိုးယံတို့သားဖ ငြင်းနေကြချိန်မှာပင် မိုးကာအင်္ကျီအမဲရောင်ကြီး ဖြင့် ရေများရွဲစိုနေသော နေလွင်ဧည့်ခန်းသို့ဝင်လာ သည်။
အားလုံး၏ အကြည့် များသည်လည်း နေလွင့်ထံသို့စုပြုံရောက်လာ၏ ။

- ပြန်ရောက်ပါပြီ ဖေဖေ နဲ့မေမေ...။
- အေး အဆင်ပြေခဲ့ရဲ့လားသား ။
- ဟုတ်မေမေ...ဒီမယ်..။

နေလွင် အိပ်ကပ်ထဲမှာ ရေစိုချင်နေသော ပရိတ်ကြိုးလေးကြိုးအား ထုတ်၍ ဒေါ်မိုးမိုးမြတ်ထံ ပေးလိုက်ရင်း..

- အမတို့ကို မြန်မြန်ဝတ်ခိုင်းလိုက်ပါ...9:00 ထိုးတော့မယ် ဗျ..။

ဒေါ်မိုးမိုးမြတ်လဲ ပရိတ်ကြိုးများကို နွဦေးတို့အား တစ်ကြိုးစီလိုက်ဝေလိုက်ကာ..

- သမီးတို့အခု ချက်ချင်းဝတ်ကြပါ..ဘယ်လိုအကြောင်းကြောင့်မှ ဒီညမှမချွတ်ကြပါနဲ့ ။
- ဘာဖြစ်လို့ 9:00 လဲအန်တီ 9:00 ထိုးရင်ဘာဖြစ်မာလဲ..

ရွှေရုပ် မနေနိုင်စွာ ထမေးလိုက်သည် ။

- အဲ့တာက ပန်းဖြူတို့ သားမိ ဆုံးတဲ့အချိန်ဘဲ...အိမ်ကြီးက အဲ့အချိန်ကစပြီးကမောက်ကမာဖြစ်မှာ ။
- ရှင်!!!

ရွှေရုပ် သရဲခြောက်မည်ကိုသိသော်လည်း တစ်ကယ်ခြောက်တော့မည့်အချိန်ရောက်သော် ကျက်သီးများထ၍ အာမေဋိတ်အသံပင်ပြုမိသည်။
ခက်ညိုမှာလဲ ရွှေရုပ်အား အားပေးသည့်သဘောဖြင့် လက်ဖဝါးနှစ်အား အသာအယာဖျစ်ညစ် ပေး၏ ။

Scarlet Area - ကတ်တီပါဧရိယာWhere stories live. Discover now