8:35 PM
ဆောင်းတွင်းအချိန်ခါပင် ဖြစ်ပြီး လပြည့်ညပင်ဖြစ်သော်လည်း...
လမှာ ပိန်းပိတ်အောင်သည်းထန်စွာရွှာသွန်း နေသောမိုးရေများအောက် အစအနပင်မမြင်ရပေ။ဧည့်ခန်းတွင်လူစုံနေကြပြီး ယခုအခါတော့ ဆောင်းနဲ့နွေဦးတို့ တစ်ဖက်ခြမ်းစီမှာမျက်နှာလွှဲ၍ ထိုင်နေကြ သည် ။
တစ်ယောက်နဲ့ တစ်ယောက်လဲ မျက်လုံးချင်း
မစုံမိအောင် အတတ်နိုင်ဆုံး ရှောင်နေကြ၏ ။တင်းးးးးးးတောင် တင်းးးးးတောင် တင်းးးးးးးတောင်!!
ဧည့်ခန်းတွင် တစ်ဂျက်ဂျက် ဖြင့်သွားနေ
သော...ချိန်သီးနာရီကြီးမှာလဲ ကိုးနာရီ အတိသို့ထိုး လုပြီ...။ နာရီလက်တံကြီးများ ကိုး နဲ့ဆယ့်နှစ် အပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လျှပ်စစ်မီးများမှာလဲ...မီးမှုတ်လိုက်သော ဖယောင်းတိုင်တစ်ချောင်း
နယ်...ငြိမ်းသက် တိတ်ဆိတ် သွားတော့ သည် ။ဒီခါတော့ ကြုံဘူးထား သည်မို့ ဘေးနားတွင်အသင့်ရှိသော...ရေနံဆီမီးအိမ်များ အားကိုယ်စီကိုယ်စီ ထွန်းညှိလိုက်ကြ ၏... ။ ဆောင်းရဲ့ မီးအိမ် မီးမညှိရသေးခင်မှာပင်...
- သမီး... ဆောင်းအလင်္ကာ
ဦးဝေလွင်ခေါ်လိုက်ခြင်းဖြစ်ပြီး ဆောင်းကြိုးစား၍ မီးညှိနေရာမှ မော့ကြည့်ကာ....
- ဟုတ်ကဲ့ ဦးဝေ
- ဒီမှာ...ရော့ဦးဝေလွင် ငါးလက်မလောက်ရှိသော ရေဘူးအသေးလေးအား ဆောင်းထံကမ်းပေး၏ ။
- ဒါဘာလဲ ဦးဝေ ?
- တောင်အောက်က သက်တော်ရင့်ဦးပဇင်းကြီး ပေးလိုက်တာလေ....အဓိဌာန်ဝင်ထားတဲ့ သိမ်တော်ရေလို့ပြောတာဘဲ သမီး လိုရမယ်ရ..။
- ကျေးဇူးပါ...ဒါပေမဲ့ ကျမကအကြမ်းဖက်သဘောမျိူး နဲ့ကိုင်တွယ်မှာမဟုတ်ပါဘူး..။
- ဦးဝေပြောသလိုဘဲ လိုရမယ်ရပေါ့သမီးရယ် ။
- ဟုတ်ကဲ့ပါ ကျမယူထားလိုက်ပါ့မယ်...။ဒီခါတော့ အရင်အခေါက်ကလိုမဟုတ် မိုးများ
သည်းထန်စွာရွာသွန်းနေတာမှလွဲ၍ အိမ်ထဲတွင် မူမှန်
သည့် ဘာအရိပ်အယောင်မှ မတွေ့...။ သို့သော် မကြာခင်မှာပင် ...
YOU ARE READING
Scarlet Area - ကတ္တီပါဧရိယာ
Mystery / Thrillerနူးညံ့တဲ့ ချစ်ခြင်းတစ်မျိုးမှာ မနူးညံ့ခြင်း အမျိုးအစားတွေရှိနေတတ်တာက ထူးဆန်းမနေဘူးလား...? မှားတယ် !! လူအချို့အတွက်ကြ ထူးဆန်းပြီး လူအချို့အတွက်ကြ သဘာဝဆန်သတဲ့...။ နွေဦး ကဗျာ - ကျမ ကျိန်ဆိုပါတယ် ကျမရဲ့ အသက်နဲ့ခန္ဓာမြဲနေသ၍ ကျမရှင့်ကို လိုက်ရှာမယ်ဆောင...