Part-13 Z

9 0 0
                                    

- ကိုမိုးယံ ရှင်ဘာလုတ်တာလဲ..!!

နွဦေး မိုးယံအားစောင့်တွန်းလိုက်ကာအော်လိုက်သည် ။

- ဟော နွဦေးလေးကလဲ...အေးဆေးပေါ့ ဒါနဲ့နှုတ်ခမ်းပေါက်ထားတာလား သွေးအနံ့သင်းသင်းလေးနော်..
- အကိုတစ်ယောက်လိုဆက်ဆံတာကို အခွင့်ကောင်းယူတာ ယောက်ျားကောင်းတစ်ယောက် လုပ်ရက်မဟုတ်ဘူးနော်...။
- ဟဟ အကိုတစ်ယောက်လိုတဲ့လား မင်းကိုယ်မင်းလဲပြန်မေးကြည့်ဦး အကိုတစ်ယောက်ထက်ပိုလားမပိုလားကို မင်းဘဲမနေတတ်မထိုင်တတ်တာလား..?
တစ်စိမ်းယောက်ျားတစ်ယောက်ကို ဖက်လဲတကင်း နေတာကရော မိန်းမကောင်းလုပ်ရက်လား?

ဖြန်းးးး

မိုးယံ ခေါင်းချာလည်သွားလေပြီ...။ သို့ပေမဲ့ မဲ့ပြုံးတစ်ချက်ပြုံးကာ...

- တော်ပြီလားနွဦေးလေး..အကိုက ထပ်နမ်းချင်သေးတာ..။
- ရှင်တော်တော်ကို အောက်တန်းကျတာနော် ကျမတို့ဆက်မကူညီနိုင်တော့ဘူး မနက်ဖြန်ပြန်မယ်..

- အကို အကိုမိုးယံ အမနွဦေး လုတ်ပါဦး အမ ရွှေရုပ်ပျောက်နေလို့! !

စိုင်းနောင် ရုတ်တရက် အမောတကောဖြင့်ရောက်လာကာ ပြောလိုက်သည် ။

နွဦေး ဒေါသထွက်နေသည်ပင်ပျောက် သွားကာ ရွှေရုပ်အား စိတ်ပှုသွား၏ ။

- ဘယ်လို ရွှေရုပ်က ဘယ်လိုပျောက်သွားတာလဲ..?
- မသိပါဘူး မနွဦေးရာ အမခက်ညို နေလွင့်ကို အကူညီလာတောင်းပြီး ကူရှာပေးဖို့ပြောလို့ကျနော်တို့ ရှာနေတာ အမလဲကျနော်တို့နဲ့ လိုက်ခဲ့လေ အကိုရော....

- လိုက်ခဲ့မယ် စိုင်းနောင် အကိုရွာထဲကလူ တချို့သွားခေါ်လိုက်ဦးမယ်...မင်းတို့က ရှာထားနှင့် နော် နွဦေးလေးရော

နွဦေးမှာ မိုးယံ မျက်မှာပင်မကြည့် စိုင်းနောင်နှင့် လိုက်သွားလေသည် ။

************************

ကျမ အိပ်ယာထဲမှာ နှုန်းချိစွာ ခွေနေတုန်း ခက်ညိုရောက်လာတယ်..

- ရွှေရုပ်ပျောက်နေတယ် ဆောင်း ကူရှာပေးပါဦး.. အီးဟီးဟီး...

ခတ်ညိုရုတ်တရက်ထငိုတော့ ကျမခေါင်းရှုတ်သွားတာတော့အမှန်ဘဲ ..ရွှေရုပ်ကိုစိတ်ပှုရတာနဲ့ ကျမ နှုန်းချိနေမှုများ ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရဲ့..

Scarlet Area - ကတ်တီပါဧရိယာWhere stories live. Discover now