Part-22

260 12 0
                                    

ကွင်းရမ်ရွာကလေးမှာကွင်းရမ်ရွာကလေးမှာ လပြည့်ညအလွန်၏ မနက်ခင်းအား  အလောင်းခုနှစ်လောင်းဖြင့် ကြိုဆိုလျှက်ရှိ
သည်..။

အိပ်ယာထဲတွင် အိပ်နေရင်း  အသက်မရှိ
တော့သော ခက်ညိုအားနွေဦးနှင့်ဆောင်းအလင်္ကာ မြင်လိုက်ရချိန်မှာ...အလွန်ပင် ရှော့ရပြီး ထိပ်လန့်သွား၏..။

ဦးဝေလွင်တို့ သေဆုံးမှုနှင့်အတူ ဘေးခြံမှ စိုင်းနောင်နှင့်ဆောင်းပျိုနွယ်မှာလဲ အကြောင်းအရင်းမရှိ ရက်ရက်စက်စက်အသတ်ခံရပြီးသေဆုံး နေခဲ့ သည်...။

အခုတော့ ဆောင်းနှင့်နွေဦး သာကျန်တော့ပြီး....တစ်ယောက်မှာ ဆောက်တည်ရာမရ စိတ်မတည်မငြိမ်ဖြစ်နေကာ တစ်ယောက်မှာတော့ စိတ်များပင်ပန်းကျိုးကျေနေခဲ့ ၏..။

- ဒါကအိမ်သော့ပါဦးမျိုး..။


ဆောင်း အိမ်သော့များအား အရင်ကခြံစောင့်ဦးလေးကြီးအားပေးလိုက်ပြီး...ပြန်တော့မည့်အကြောင်းပြောနေသည်..။ နွေဦးမှာတော့ အခုထိငူငူငိုင်ငိုင်ဖြင့် စိတ်ထွေနေလျှက်ရှိ၏..။


- ဦးလေးလဲ စိတ်မကောင်းပါဘူးသမီးတို့ရယ်..ဦးလေးအလုပ်ထွက်ပြီးမှ ဖြစ်တော့ ဦးလေးလဲဘာမှမတက်နိုင်လိုက်ဘူးရယ်...။
- ဖြစ်သင့်လို့ဖြစ်တယ်ဘဲ မှတ်ပါ.. ။
- အေးကွယ်".... ဒါဆိုဦးလေးသွားဦးမယ်...သမီးတို့သွားမှ ဦးလေးအိမ်ကြီးကိုလာပိတ်တော့မယ်..။
- ဟုတ်ကဲ့ ဦးမျိုး..။



ဦးမျိုးပြန်သွားပြီး...ကျမ နွေ့အားတစ်ချက်ကြည့်မိတော့ စိတ်မသက်မသာဖြစ်၍နေကြာခင်းဆီခေါ်သွားရန် စဉ်းစားမိရဲ့..။

- နွေ
- အင်း
- တို့တွေ နေကြာခင်းဆီသွားရအောင်..။
- အင်း..။


ကျမရဲ့နွေကတော့ မော့မကြည့်ဘဲနဲ့ကိုဖြေနေတော့တာပါဘဲ...။


စက်ဘီးနောက်မှနွေမှာ တိတ်ဆိတ်လွန်းနေပြီး ကျမပြောသမျှကိုပင် နားထောင်မနေခဲ့..။
... ခနအကြာတွင်တော့ ရောက်ချင်နေသည့် နေကြာခင်း၏ အရှေ့တွင် စက်ဘီးအား ဒီတိုင်းပင် လှဲထားခဲ့ပြီး နေကြာခင်းကို ပိုပြီး မြင်သာသည့် တစ်နေရာရာမှာထိုင်လိုက်
ကြ၏..။

Scarlet Area - ကတ္တီပါဧရိယာWhere stories live. Discover now