Part-23

291 13 0
                                    

"............................................
.......... ..........................."
 
                                     * ဤ ဇတ်လမ်းဟာလုံးဝ
                                               မပြီးသေးပါ...*

နောက်ထပ် စာလုံးများထပ်မရှိတော့သော်လည်း...ကျမဇာတ်မသိမ်းချင်သေးပါ..။
ထို နောက်ဆုံးစာရွက်ရှိ စာလုံးလေးများမှာ ကျမ မျက်ရည်တွေကို မရေ မတွက်နိုင်အောင် ခံရ၍ ကျမကို မုန်းနေရှာလောက်မည်....။

လက်ထဲမှ အပြာရောင် စာအုပ်ကလေးကိုပိတ်လိုက်တော့ စာအုပ်နောက်ကျော ဘက်တွင်....
" ပြန်လာစေချင်ပါသည်...ဆောင်း" ဟူသော ပန်းကနုတ် ပုံစံဖြင့် စာလုံးပါးပါးလေး များကိုတွေ့လိုက်ရသည်....။

ကျမ မျက်လုံးအိမ်မှာ မျက်ရည်များ တစ်ချက်ဝဲတက်လာပြန်၏..။

အိပ်ရာပေါ်တွင် ထိုင်နေရာမှထလိုက်ပြီး ခေါင်းရင်းဘေးနားမှ စီးကရက်ဘူးနှင့် မီးခြစ်ကိုယူကာ ဝရံတာဘက်သို့ထွက်လာခဲ့ သည်..။
စိတ်အိုက်လွန်းသဖြင့် ဝဲကျနေသော..ဆံပင်များကို ဘေးနားရှိသရေပင်းဖြင့်သာ ဖြစ်သလို စီးနှောင်လိုက်၏...။
ထို့နောက် စီးကရက်အား မီးညှိလိုက်ပြီး ဝရံတာလက်ရမ်း တွင်မှီကာ အငွေ့များအား အားပါပါတစ်ချက် ရှိုက်၍မှုတ်ထုတ်လိုက်သည်...။
လွင့်တက်သွားသော...အငွေ့များအလွန်မှ ပြည့်ဝလင်းထိန်နေသော လမင်း ကြီးမှာ ငေးမောချင်စရာအတိ တွေးတောချင်စရာအတိပင်...။

နောက်တစ်ချက် စီးကရက်အား အားပါပါရှိုက်
ထုတ်လိုက်ပြီး....ကျမရဲ့ အတွေးများ ကလဲ ထိုနေ့သို့ပြန်ရောက်သွားတော့သည်...။

ကျမ ဆောင်းရှေ့မှ လှည့်ထွက်ခဲ့ပြီးတော့
အသင့်ထုပ်ထားတဲ့ အဝတ်အိပ်များကိုဆွဲယူပြီး
ကားဂိတ်ရှိရာသို့ ပြေးလာကာ မီသည့်ကားဖြင့်
တောင်အောက်သို့ ဆင်းလာခဲ့တယ်..။ ကျမစိတ်ထဲကျန်တာဘာကိုမှမတွေးမိဘူး...တွေးမိတာက
တစ်ခုထဲ ...။
ဒီနေရာ ကနေဝေး နိုင်သမျှ အဝေးကို
ပြေးချင်မိတာဘဲ...။
ကျမ စိတ်တွေအရမ်းပင်ပန်းနေပြီ...တကယ်ကို
ပင်ပန်းနေပြီ...။
အဲ့နောက်  တစ်သက်လုံးမပြန်ဖြစ်
တော့ မည်ဟုထင်ထားသည့် ကျမရဲ့ မိသားစုရှိရာဆီသို့ ပြန်ခဲ့တယ်...။ ​

Scarlet Area - ကတ္တီပါဧရိယာWhere stories live. Discover now