ဈေး တန်းမရောက်တစ်ရောက်မှ ပိန္နဲပင် အောက်တွင်ကောင်မလေးတစ်ယောက် ဟိုလျှောက်လိုက်ဒီလျှောက်လိုက်ဖြင့်...တစ်ယောက်ယောက်အားစောင့်နေသည် ။
- ဟိတ်.. စောင့်နေရတာ ကြာသွားလား..ပျို ။
ခက်ညို...ပျို့ပခုံးအားပုတ်၍ မေးလိုက်သည် ..။
- ရောက်လာပြီပေါ့.အမခက်ညို နဲ့ အမရွှေရုပ်တို့ ပျို့ကို မေ့ နေ ပြီတောင်ထင်နေတာ ။
မျက်နှာဖူးဖူး အသားဖြူဖြူ ရှိသော ဆောင်းပျိုနွယ်မှာ စကား သံဝဲဝဲ လေးဖြင့် ပြောလိုက်တော့ ချစ်စရာအတိပင် ။
- ဟော...ဆောရီးပါ ပျိုရယ် အမတို့ နေလွင်နဲ့ စကားစမြည်ပြောနေလို့ ကြာသွားတယ် ။
- ရပါတယ် အမရွှေရုပ်ရဲ့ ပျိုကစတာ..ဟီး။
- ဟုတ်ပါပြီ" သွားကြမယ်လေ တော်ကြာဈေးသွားပြီးဘာမှ မဝယ်လိုက် ရဘဲနေဦးမယ်။
- ဟုတ်ကဲ့...ပျို့ကိုသာအားကိုးလိုက် ။ကွင်းရမ် ရွာ၏ ဈေးမှာ သိတ်မကျယ်ပြောလှ..။
ဈေးတစ်ခုလုံးအား ပတ်ဖို့ ဆယ်မိနှစ် ကျော်မျှသာ
အချိန်ကြာမည်။ ဈေးအား ဝင်ဝင်ခြင်း မြေပြန့်မှာ အလွယ်တကူ ဝယ်ယူ၍ရနိုင်သော တောင်ပေါ်ဒေသ
မှာ ဝယ်ယူ၍ ရှားပါးသော ပစ္စည်းပစ္စရ တိုလီမုတ်စ
များ...အိမ်သုံးပစ္စည်းများ တစ်ကိုယ်ရည်သုံး အမွှေး
နံ့သာများ...ဆေးဝါးပစ္စည်းများ အား အတန်းလိုက်
ဘယ်ညာဆိုင်များ တွင်ရောင်းချလျှက်ရှိသည် ။- ဒါဘယ်လောက်လဲ အန်တီ..။
ရွှေရုပ် ထွန်းရွှေဝါ တစ်ဘူးအား ကိုင်၍ ဈေးသည်အန်တီကြီးဆီ မေးလိုက်သည် ။
- တစ်ဘူးကို 2000 ပါသမီးလေး ။
- ဟင် ..! 2000 တောင်လား?ရွှေရုပ်.. မြေပြန့်မှာ 1500 ပင်မကျော်သော ဆေးဘူးအား 2000ဆိုသောကြောင့် အနည်းငယ်...အံ့သြမိသွားသည် ။ အနောက်မှ ခက်ညိုမှာလဲထိုနည်းအတိုင်းပင် ။ မတတ်နိုင်တော့ ရွှေရုပ်မှာဆေးပှုလိုအပ်နေသောကြောင့် ဝယ်မည့်သဘောရှိ၏ ။
- ဟုတ်တယ် သမီးလေးရေ... သယ်ယူစရိတ်က ကြီးလို့ကွယ် ..အဲ့လောက်ကျသွားတယ် ။
- အော် ဟုတ်ကဲ့" သမီးကိုတစ်ဘူးပေးပါနော် အန်တီ ။ရွှေရုပ်တို့ လိုအပ်သည့် တစ်ကိုယ်ရေ ပစ္စည်းပစ္စယများအား ဝယ်ယူပြီး ရှေ့သို့ဆက်လာတော့ အသားငါးတန်းသို့ရောက်သွားသည် ။ အညှီနံ့မုန်းသော ခက်ညိုမှာ အားမနာတန်းနှာခေါင်းအား ပိတ်ထား ၏ ။ ပျို နှင့် ရွှေရုပ် တို့နှစ်ယောက်သား ခက်ညိုဖြစ်ပုံအားကြည့်၍ တဟားဟားဖြင့် ရယ်မော လာကြသည် ။
- ပျို..
- ရှင်
- ဒီမှာလေ ဘာလို့ အသားတန်းသိတ်မရှိဘဲ ငါးတန်းပေါရတာလဲဟင်..ခက်ညိုမေးလိုက်၏ ။
- အော်..ဒီမှာက အသားစားချင်ရင် အိမ်မှာဘဲပေါ်ပြီးစားကြများတယ်လေ ...ပေါ်တဲ့အိမ်ကလဲလေးငါးအိမ်ရှိတာဆိုတော့ ပိုတာတွေ ရောင်းကြတာပေါ့ မဟုတ်လဲရောင်းဖို့အတွက်ဘဲသက်သက်ပေါ် ပေးတဲ့ အိမ်တွေရှိတယ်..အဲ့တာကြောင့် ဈေးမှာအသားသိတ်ရောင်းတာမရှိကြတာ ငါးတန်းတွေဘဲပေါတာ..။
- အော်.. အဲ့လိုကို..
- ဟိတ်...ပျို တို့..!!
- အကို ပါလား ဘယ်လိုလုတ်ရောက်လာတာလဲ?ကို မိုးယံ ခက်ညိုတို့ဘေး နား ရုတ်တရက်ပေါ်လာ၍ မေးလိုက်သည် ။
- အကိုက လိုတာရှိလို့ လာဝယ်တာ ..ပျိုတို့ရော ဝယ်လို့ပြီးပြီလား ?
- နည်းနည်းပါးပါးဘဲ ကျန်တော့တာပါ အမရွှေရုပ်က တို့ဟူးနွေးစားချင်တယ်ပြောလို့လေ လိုက်ပို့မလို့... အကိုရောတစ်ခါထဲ လိုက်ခဲ့ပါ့လား..
- ကောင်းသားဘဲ ပျို...အကိုလဲ မနက်စာမစားရသေးဘူး..။ပျို နှင့် မိုးယံမှာ ရှေ့မှဦးဆောင်၍ လေးယောက်သားတို့ဟူးနွေးဆိုင်သို့ ဦးတည် သွား သည်။
ပျိုမှာ နဂိုထက် ပို၍ ပြုံးရွှင်ကာနေလျှက်... ။
~~~~~~~~~~~~~~~~~~~~~~~~
- မခေါ်နဲ့ ငါ့ကိုမခေါ်နဲ့ ငါကဒီနေရာနဲ့ဘဲသက်ဆိုင်တယ်....အဲ့နေရာကိုမသွားဘူး အရမ်းပှုမှာ" ..ကြောက်တယ်.... အားးးး..မခေါ်ကြပါနဲ့...
အရပ် ရှစ်ပေကျော်မျှမြင့်သော လူထွားကြီးနှစ်ယောက်မှာ လူငယ်လေးအား တစ်နေရာသို့အတင်းဆွဲရွဲခေါ် နေခြင်း ဖြစ်သည်။
- မင်းလိုက်ကိုလိုက်ရမယ်....မင်းရှောင်ပြေးလို့မလွတ်တော့ဘူး...မင်းလိုက်ကိုလိုက်ရမယ်...
အတင်းရုန်းကန် နေ သောကြောင့် နက်ပြောင်နေသော အဆင်းနှင့် ..သတ္တဝါ မဲမဲကြီးမှာ လက်မြိုကိုကိုက်ခဲ လိုက်သည် ။
- ဂီးးးဂီးးးးးး..!!
ကိုက်ခဲသံကြီးနှင့်အတူ လူငယ်လေးမှာ မလှုတ်နိုင်...အသံတစ်ချက်မျှမထွက်နိုင်တော့ဘဲ သွေးစိမ်းရှင်ရှင်သာကျလျှက်ရှိသည် ။ ထိုသို့မှ လူထွားကြီးနှစ်ယောက် လူငယ်အား ပါလာသော ဆူးဘလိပ်ကြိုးများဖြင့်ပတ်ကာ ထမ်း၍ တရွတ်တိုက်ဆွဲခေါ်သွားကြ ၏ ။
~~~~~~~~~~~~~~~~~~~~~~~~~~
YOU ARE READING
Scarlet Area - ကတ်တီပါဧရိယာ
Mystery / Thrillerနူးညံ့တဲ့ ချစ်ခြင်းတစ်မျိုးမှာ မနူးညံ့ခြင်း အမျိုးအစားတွေရှိနေတတ်တာက ထူးဆန်းမနေဘူးလား...? မှားတယ် !! လူအချို့အတွက်ကြ ထူးဆန်းပြီး လူအချို့အတွက်ကြ သဘာဝဆန်သတဲ့...။ နွေဦး ကဗျာ - ကျမ ကျိန်ဆိုပါတယ် ကျမရဲ့ အသက်နဲ့ခန္ဓာမြဲနေသ၍ ကျမရှင့်ကို လိုက်ရှာမယ်ဆောင...