- ဆောင်း..
- ဟေ..
- နင်မှိုရထားတာလားဟင်..။ရွှေရုပ် မပြုံးသဖူးအကြီးကြီးပြုံးပြီး လောကကြီးကိုသူ့အပိုင်လို စိမ်ပြေနပြေကြည့်နေသော ဆောင်းအားမေးလိုက်တယ်။
* ဆောင်းတို့ရောက်နေသည်ကား ရွှေရုပ်အိမ်၏ အပေါ်ဆုံးထပ် လေသာဆောင်မှာပင်*
- ဟီးဟီး ဒီလိုပါဘဲ နွဦေးအချိန်မှာပေါက်လာတဲ့ အညိုရောင် မှိုလှလှလေးတစ်ခုပေါ့...။
- အောင်မယ် စကားကြီးစကားကျယ်တေနဲ့ ဘယ်သူလဲပြောစမ်း...အရင်လို လာပြောလို့တွဲလိုက်တာဘဲလား...။
- မဟုတ်ပါဘူးဟာ...ငါက ဒီတစ်ခါ ချစ်မိသွားတာ ....မတူဘူး...။
- ဆောင်းအင်္လကာက အချစ်စကားတေဆိုလို့ပါလား တယ်ထူးဆန်းသကို..
- ထူးဆန်းတယ်ထင်လဲမတတ်နိုင်ဘူးဟေ့...ဗလာဖြစ်နေတဲ့ငါ့ဘဝကြီးက အခုဆို သေဖို့တောင်မတွေးမိတော့ဘူး...
- ကျန်တာတေတော့ ငါ မသိတော့ဘူးဆောင်း နင်ဂေါက်သွားတာ တော့သေချာသိတယ်....
- အို ထင်ချင်သလိုသာထင် အခုတော့သွားပြီ...။ဆောင်းပြောပြောဆိုဆိုဖြင့် မတ်တပ်ကောက်ရပ်လိုက်သည်။
- ဟက်ဟက် ဘယ်လဲ..
- ချစ်ရသူဆီ...<3~~~~~~~~~~
စာကြည့်တိုက်၏ လူရှင်းသည့် ထောင့်ကျကျစားပွဲဝိုင်းလေးတွင် ကောင်မလေးတစ်ယောက်စိတ်ပျက်လက်ပျက်ဖြင့်ငြီးငြူနေသည်။
- ကျစ်...စာအုပ်တေဖတ်ရတာလဲအဆင်ကိုမပြေပါဘူး...
နွဦေးဘေးမှ စာအုပ်ပုံကြီးကိုတစ်ချက်ငေးရင်းပြော၏။
ညနေလဲစောင်းနေပြီမို့ ပြန်ရန်ပင်ဆုံးဖြတ်လိုက်သည်
သိမ်းစရာရှိသည်များသိမ်းပြီး နွဦေးနောက်သို့အ
လှည့်တွင်....- အမလေးးး!!!
ဘယ်ချိန်ကထဲကရောက်နေသည်မသိသော...ဆောင်းအား ရုတ်တရက်မို့ လန့်သွားသည်။ ပြီးသော် စိတ်ညစ်သွားသည်။
* စာမှရှာမရပါဘူးဆို ဒီတစ်ယောက်နဲ့လဲစိတ်ညစ်လိုက်တာ.... မနက်ကမှမနည်းပြန်လွှတ်ထားရတာကို ဘာလို့ပြန်ပေါ်လာတာလဲ *
- ဘာလဲ ရှင်ဘယ်ချိန်ထဲကရောက်နေတာလဲ? ဘာလုတ်မလို့လဲ ရှင်ဒုက္ခပေးလို့အားမရသေးဘူးလား?
YOU ARE READING
Scarlet Area - ကတ်တီပါဧရိယာ
Mystery / Thrillerနူးညံ့တဲ့ ချစ်ခြင်းတစ်မျိုးမှာ မနူးညံ့ခြင်း အမျိုးအစားတွေရှိနေတတ်တာက ထူးဆန်းမနေဘူးလား...? မှားတယ် !! လူအချို့အတွက်ကြ ထူးဆန်းပြီး လူအချို့အတွက်ကြ သဘာဝဆန်သတဲ့...။ နွေဦး ကဗျာ - ကျမ ကျိန်ဆိုပါတယ် ကျမရဲ့ အသက်နဲ့ခန္ဓာမြဲနေသ၍ ကျမရှင့်ကို လိုက်ရှာမယ်ဆောင...