ဆောင်းက ဟိုနေ့က ပန်းသီးစားချင်တယ်လို့ပြောတယ်...ကွက်တိဘဲ အိမ်အနောက်ဘက်က ပန်းသီးပင်မှာ သီးနေပြီ.... မနိူးခင်သေးသာသာလေး သွားခူးပြီးစပရိုက်တိုက်ရမယ်...ဟုတ်ပြီ ။
မနက်ခင်းအစောမို့ ထင်တယ် ကျမနှာဖျားလေးတွေတောင် အေးစက်စက်ရယ်...ကုတ်အရှည်ဝတ်လာမိလို့တော်သေးတယ်ပြောရမယ်...။
နွေဦး ပန်းသီးခူးနေတာ လက်ထဲသုံးလုံးတော့ရောက်သွားပြီ....
သို့သော် ထိပ်ဖျားမရောက်တစ်ရောက်ပန်းသီးလေးက နီရဲစွတ်နေတာမို့ အတော်ကိုခူးချင်နေ မိ ရဲ့။ နွေဦး လက်ဖျားနဲ့ လှန်းတယ်.... လှန်းတယ်
သို့သော် အကွာအဝေးမှာ တော်တော်ကိုကွာဝေးလွန်းနေ သည် ။
ခုန်ခူး၍လဲမရ ဘေးနားမှာခုံမရှိ၍ ခုံခုခူး၍လဲမရ ဖြစ်နေသည် ။ ချွေးပင်ပြန်လာသလိုပင် ။
ဇွဲမလျော့ဘဲ ထပ်ခုန်လိုက်တာ လူမှာလေထဲသို့
မြောက်သွားပြီး လက်ထဲသို့နီနီရဲရဲပန်းသီးကလေးရောက်လာ ၏ ။
တကယ်တော့ ကိုမိုးယံချီပြီးမ
ပေးလိုက်ခြင်းသာ ဖြစ်သည် ။
နွေဦးအပျော်လွန်သွားကာ မိုးယံအား ပြေးဖက်လိုက်
သည် ။ ထို့နောက် ပြန်ခွာကာ...- ကျေးဇူးတင်လိုက်တာအကိုရာ..နွေဦးခူးမရတော့ဘူးတောင် ထင်နေတာ..။
- နွေဦးရယ် ပန်းသီးခူးချင်တာများ အကို့ဖြစ်ဖြစ်နေလွင့်ဖြစ်ဖြစ် ခူးခိုင်းလဲရတာကို..
- မဟုတ်ပါဘူး နွေဦးက ကိုယ်တိုင်ခူးချင်လို့ပါ...သွားတော့မယ်နော်အကို ..။
- နေပါဦး နွေဦးရဲ့...ဘာတွေလော နေတာလဲ ။- မလောပါဘူးရှင်.. ပန်းသီးရတော့ပျော်သွားလို့ပါ...။
- ဟော ကလေးလေးကျနေတာဘဲ...အကို့နွေဦး လေး ကအရင်အတ်ိုင်းဘဲက်ို..။မိုးယံ မတ်တပ်ရပ် လက်ပိုက်နေရာမှ နွေဦးခေါင်းလေးအားခပ်ဖွဖွပွတ် သပ် လိုက်သည် ။ နွေဦးမှာလဲမရုန်းမိ ။ သဘောတကျတောင်ရယ်နေသေးသည် ။
- နွေဦး မှတ်မိသေးလား အကိုတို့ရည်းစား စဖြစ်ခါစတုန်းက ပန်းသီးစျေးစစ်လို့စျေး သည်နဲ့ ရန်ဖြစ်ရတာကိုလေ...။
- ဟားဟား မှတ်မိတာပေါ့ အကို နွေဦး..ကိုအတော်ဆွဲခဲ့ရတာလေ ။ကျမနဲ့အကိုတို့ အရင်က ရယ်စရာအကြောင်းများ
ပြန်ပြောကြပြီး အတော်အသင့်ရီမောခဲ့ကြသည်။ အကို့ကို အကိုတစ်ယောက် လိုပင်စိတ်ထဲ
ရှိသည် ။
( နွေဦး၏ မသိစိတ်ထဲမှ ငယ်ချစ်ဦးအား ပြန်၍ စိတ်ဝင်စား နေ မှုကို နွေဦးကိုယ်တိုင်ပင်မသိခဲ့)
YOU ARE READING
Scarlet Area - ကတ္တီပါဧရိယာ
Mystery / Thrillerနူးညံ့တဲ့ ချစ်ခြင်းတစ်မျိုးမှာ မနူးညံ့ခြင်း အမျိုးအစားတွေရှိနေတတ်တာက ထူးဆန်းမနေဘူးလား...? မှားတယ် !! လူအချို့အတွက်ကြ ထူးဆန်းပြီး လူအချို့အတွက်ကြ သဘာဝဆန်သတဲ့...။ နွေဦး ကဗျာ - ကျမ ကျိန်ဆိုပါတယ် ကျမရဲ့ အသက်နဲ့ခန္ဓာမြဲနေသ၍ ကျမရှင့်ကို လိုက်ရှာမယ်ဆောင...