Part 1 🌙

1.9K 85 4
                                    

ဒေါက် ဒေါက် ဒေါက်...တံခါးခေါက်သံနှင့်အတူတစ်ပြိုင်တည်း ဥက္ကဌကြီး ရဲ့အခန်းထဲ ပိုင်စိုးပိုင်နက်၀င်လာသောသူကတော့  ကိုရီးယားနိုင်ငံရဲ့ Top 1 ဖြစ်တဲ့ Shining Star Jeon လုပ်ငန်းစုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ သူဌေးလေး Jeonပါ

ဥက္ကဌကြီး : ဟ...ငါ့သားတောင် ပြန်လာပြီပဲ Daddyမင်းကိုလွမ်းနေတာ Jeon ငယ်လေးရ ကဲ..ပြော ဘာလို့ ပြန်လာမယ့်အကြောင်း Daddy ကိုမပြောတာလဲ ဘာအကွက်တွေရွှေ့အုံးမလို ကိုရီးယားကိုပြန်လာတာလဲ အီတလီမှာရော အဆင်ပြေတယ်မလား ခုကဘယ်ကိုထပ်သွားချင်သေးတာတုန်း ကမ္ဘာပတ်နေချင်သေးတာလား

Jeon : မေးခွန်းတွေကများလိုက်တာ ဥက္ကဌကြီးရယ် ဒါနဲ့ ဘာလို့ ဘယ်သူဘယ်ဝါမှန်းမသိပဲ တံခါးခေါက်၀င်လာတာကိုလက်သင့်ခံရတာလဲ

ဥက္ကဌကြီး : ဒီလို အတင့်ရဲပြီး ၀န်ထမ်းတွေဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဥက္ကဌအခန်းထဲ တန်းပြီး၀င်လာရဲတာဆိုလို့ ငါ့သားပဲရှိတယ်ဆိုတာ Daddy သိလို့လေ

Jeon : ဘယ်ကိုမှမသွားချင်တော့ဘူး ခုကိုရီးယားမှာပဲအခြေချတော့မှာမို့ ၁ပတ်လောက်ပဲထားပြီး နိုင်ငံခြားပြန်ပို့ဖို့ စိတ်မကူးနဲ့နော် သားက ဘွဲ့လက်မှတ်တွေတန်းစီယူလာတာ ပညာရေးလည်း Daddy ဖြစ်စေချင်သလို ဖြစ်ခဲ့ပြီးပြီ
Bunnies ပိုင်းမှာလည်း အနေအထားတစ်ခုရောက်နေပြီ
Daddy အိမ်ကို အစက တန်းလာတာ Daddy မရှိလို့
Company ကိုလိုက်လာတာ ဘာလဲမပျော်ဘူးလား

ဥက္ကဌကြီး : အံ့အားသင့်မိပါကြောင်း သခင်လေး Jeon
ဒါနဲ့ မင်းရဲ့ ဟိုတစ်ယောက်...

ဥက္ကဌကြီးစကားပြောနေစဉ်မှာပဲ ဖုန်းအ၀င် call တစ်ခု၀င်လာခဲ့သည် ထို အ၀င် call မှာလည်း Manager ရဲ့ဖုန်းဖြစ်တဲ့အတွက် သားကို လက်ကာပြပြီး ဖုန်းကိုင်လိုက်သည်

Manager: ဟိုလေ ဥက္ကဌကြီး စီမံခန့်ခွဲရေး ဌာနက Park Jimin ကလေ လုပ်ငန်းပိုင်းနဲ့ ပတ်သက်တဲ့ Advertising အတွက် အရေးတကြီးတင်ပြစရာရှိလို့ပါတဲ့ အဲ့တာ ခွင့်ပြုပေးလိုက်ရမလား

ဥက္ကဌကြီး : ကောင်းပြီ လွှတ်လိုက်လေ

ထိုစဉ် တံခါးလေး သုံးချပ်ခေါက်ပြီး ၀င်လာသူက အဝါရောင် shirt လက်ရှည်အကွက်လေး၀တ်ထားပြီး အသားရောင်ဟာ ဖြူပျော့ပျော့နဲ့ Mask လည်းတပ်ထားသေးတယ်
နေကောင်းပုံမပေါ်ဘူး မျက်၀န်းလေးတွေကလည်း မဝံ့မရဲလေးနဲ့ ဧည့်သည်ရောက်နေမှန်းသိလို့ ရဲရဲပင်မော့မကြည့်ရဲ
ရောက်နေသောဧည့်သည်ကိုလည်း ဘယ်သူဘယ်ဝါရယ်လို့သိမထားတော့ လုပ်ငန်းပိုင်းအကြောင်းအရာတွေဆွေးနွေးနေတယ်ပဲ ထင်နေခဲ့တာ

မောင့် လမင်းငယ်🌙Where stories live. Discover now