"မောင့် သေးသေးလေး ဘာမှဖြစ်လို့မရဘူး
သဲငယ်ရေ........မောင်ခေါ်နေတာ အဲ့က ကြားရတယ်မလား ထွက်လာခဲ့တော့ကွာ မောင်ရူးတော့မှာပဲ"ခဏအကြာတွင် ဆရာဝန်အချို့ အရေးပေါ်ခန်းမှ ပြန်ထွက်လာကြသည်။ Jeon လည်း ထိုလုံခြုံရေးတွေကို တွန်းဖယ်ထားခဲ့ပြီး အပြေးအလွှားသွားမေးလိုက်သည်။ Jimin ရဲ့ အမေနဲ့ ညီမလေးကတော့ ခုံမှာထိုင်ပြီး ငိုသာငိုနေကြသည်။
"Dr. ကျွန်တော့်ကောင်လေး အခြေနေဘယ်လိုလဲ ဘာမှမဖြစ်ဘူးမလား"
"လူနာက ကံကောင်းစွာနဲ့ပဲ အကောင်းပကတိလိုပါပဲ ထိခိုက်ပွန်းပဲ့ရုံလောက်ပါ အဲ့ထဲကမှ တစ်ခုကတော့ ခေါင်းကို အနည်းငယ်ဆောင့်မိထားတယ် ဒါကြောင့်မို့သေချာစစ်ဆေးပြီး ပတ်တီးစည်းပေးထားတယ်"
"ဗျာ...ခေါင်း..ခေါင်းကို ဆောင့်မိထားတယ် ဟုတ်လား ဒါဆို ဘယ်လိုအကျိုးဆက်တွေဆက်ဖြစ်မှာလဲ"
"လူနာသတိရလာတဲ့အခါ အဆုံးအဖြတ်ပါပဲ ကျွန်တော်လည်း အတိအကျမပြောနိုင်ပါဘူး ကဲ စိတ်အေးအေးထားပြီး လူနာကိုသွားကြည့်လို့ရပါပြီ ကျွန်တော့်ကို ခွင့်ပြုပါအုံး"
ထို Dr ဆီမှ နှုတ်ဆက်စကားသေသံကြားပြီးနောက် Jeon က Jimin ရှိရာအခန်းထဲသို့ ဦးဆုံးပြေးဝင်သွားသည်။ Jimin အမေနဲ့ ညီမလေးလည်း နောက်ကပြေးဝင်လာသည်။ ကြည့်ပါအုံး လက်သေးသေးလေးကို အပ်တွေအများကြီးစိုက်ထားကြတာ မြင်မကောင်းဘူး။ ဘယ်လိုတွေဖြစ်ရတာလဲကွာ နည်းနည်းလေးဂရုမစိုက်
လိုက်တဲ့ တစ်ရက်ထဲမှာတင်။ အပ်တွေထိုးစိုက်ထားခြင်းမရှိတဲ့ ကျန်လက်တစ်ဖက်ကိုဆုပ်ကိုင်ကြည့်တော့ အေးစက်လို့ရယ် အသဲရယ် မောင့်ရင်တွေကျိုးရတယ်။"သဲငယ်...မောင်ဒီမှာရှိတယ်နော် မောင့်ရင်ဘတ်ထဲမှာ နေလို့မကောင်းဘူး သဲငယ်ရဲ့ ဒီလိုမျိုးကြီးအိပ်မနေနဲ့ကွာ"
"ကိုကို...ညီမလေးကို မချစ်ဘူးလား ချစ်ရင်မျက်လုံးလေးဖွင့်ကြည့်ပေးပါလား ကိုကိုရယ်"😭
"သားကြီး...ငါ့သားက လူတော်လေး သူတော်ကောင်းလေးမို့ အမြန်ဆုံးနိုးထလာပေးပါသားရယ် သားကိုချစ်တဲ့သူတွေကို ဝမ်းမနည်းစေချင်ရင် မြန်မြန်နိုးလာပါတော့ ကလေးရယ်"😭
YOU ARE READING
မောင့် လမင်းငယ်🌙
Non-Fictionကံကြမ္မာကသိပ်ရက်စက်စွာ ရှင်ကွဲပဲ ခွဲခွဲ သေကွဲပဲခွဲခွဲ မမေ့မလျော့ပဲ ဒီတစ်ယောက်တည်းကို ချစ်နေဦးမယ်ဆိုတာ မင်းကိုပြောပြချင်လိုက်တာ မောင့်ရင်ထဲက မောင့်လမင်းငယ်ရယ်🌙