"နေစမ်းပါအုံး ငါ့ကို စိတ်မချပါဘူး အမြဲပြောနေရအောင် ငါက နင်ပိုင်တဲ့ အရုပ်မဟုတ်ဘူး လိုက်မပို့နဲ့ မလိုဘူး"
"Jiminshi!! အဲ့တာဘာစကားလဲ ပြန်ပြောစမ်း"
Jeon က အလွန်ဒေါသထွက်သွားပုံရကာ မျက်ထောက်နီနီကြီးနဲ့ ပြန်အော်လိုက်သည်။ Jimin လည်း စိတ်ထဲ လန့်ဖြန့်သွားခဲ့ပြီး အိန္ဒြေမပြတ် မထုံတပေး အကြည့်တွေနဲ့ပြန်ကြည့်လိုက်သည်။
"မကြားဘူးလား နားလေးနေလား လိုက်_ မ_ ပို့_ နဲ့
မ_လို_ဘူး"Jeon က ဘာမှပြန်မပြောပဲ စူးစူးရဲရဲသာ စိုက်ကြည့်နေသည်။ Jimin လည်း ထိုနေရာမှာ ကြာကြာနေရင် ငါများတစစီဖြစ်မလားဟု အတွေးမိလောက်အောင် Jeon ဒေါသထွက်နေပုံက အလွန်ဟိတ်ဟန်ကြီးလွန်းနေသည်။
"ဘာလို့ ဆိုးသွမ်းနေတာလဲအဲ့လောက် အလိုလိုက်ထားတာများသွားလို့လား သွား...ကြိုက်တဲ့နေရာသာသွား ကြိုက်သလိုလုပ် မောင်လည်း မောင်နေချင်သလိုနေတော့မယ်"
"အခုက ငါ့မိသားစုအရေးလေ နားမလည်ပေးနိုင်ဘူးလား"
"နားလည်ပေးနိုင်တာထက် ပိုတာပေါ့ အဲ့တာကြောင့် မောင်လိုက်ပို့မယ် ပြောတယ်လေ လက်ခံလို့လား"
"ငါ့ဘာသာ ပြန်ပါရစေ Jeon Jungkook ရယ် ငါစိတ်တွေအရမ်းရှုပ်နေပြီမင်းကြောင့်"
"သဲငယ် ဘာတွေသိလဲ ဟမ်! ပြောစမ်းပါအုံး အခုတလော ကျွန်းကို ခိုးဝင်တဲ့ မသမာသူတွေရှိတယ် ပြီးတော့ ညဘက်ကြီးပြန်ရင် လမ်းမှာတစ်ခုခုဖြစ်မှာစိုးလို့ မောင်လိုက်ပို့မယ်ပြောတယ် လက်မခံဘူးလေ မဟုတ်ဘူးလား ဒါက ဘာလမ်းစထွင်နေတာလဲ လုပ်ပါ နိုင်တယ် Jiminshi မင်းမောင့်ကိုနိုင်တယ်လေ"
"ကြိုက်သလိုထင်နော် မတတ်နိုင်ဘူး"
အတင်းထွက်သွားဖို့ လုပ်နေတဲ့ Jimin ကို ဟန်ချက်ပျက်သွားတဲ့အထိ လက်ကောက်ဝတ်ကို Jeon က အကြမ်းပတမ်း ဆောင့်ဆွဲလိုက်သည်။
"စကားလုံးတွေရင့်တာများနေပြီနော် Jiminshi"
"များတော့ မင်းက ဘာဖြစ်ချင်တာလဲ"
"ဖြစ်ချင်တိုင်းသာ မောင့်ဒေါသကိုထုတ်လိုက်ရင် အစရှာရမှာမဟုတ်လို့ မြိုချနေတာလေ အဲ့တော့ တစ်ခွန်းပဲပြောမယ်
မပြန်ရဘူး"
YOU ARE READING
မောင့် လမင်းငယ်🌙
Nonfiksiကံကြမ္မာကသိပ်ရက်စက်စွာ ရှင်ကွဲပဲ ခွဲခွဲ သေကွဲပဲခွဲခွဲ မမေ့မလျော့ပဲ ဒီတစ်ယောက်တည်းကို ချစ်နေဦးမယ်ဆိုတာ မင်းကိုပြောပြချင်လိုက်တာ မောင့်ရင်ထဲက မောင့်လမင်းငယ်ရယ်🌙