Part 22🌙

718 47 8
                                    

"ကျွန်တော်လည်း ပထမဆုံးပါပဲ တစ်စုံတစ်ယောက်နဲ့
လကိုအတူ ကြည့်နေတာက"🌙

"ဒါနဲ့ ကျွန်တော့်ကိုပြောပြနိုင်မလား ဘာကို၀မ်းနည်းပြီးငိုခဲ့တာလဲ Jiminshi?"

Jimin လည်း အသက်မပါတဲ့ရယ်မောသံတစ်ချို့ဖြင့် Jeon ရဲ့မေးခွန်းကို ပြန်ဖြေလိုက်သည်။

"Haha! ဒီလိုပါပဲ ကျွန်တော့်ဘက်က မျှော်လင့်တောင့်တမိတဲ့အရာတွေဆို မရတတ်ဘူး မွေးကတည်းက ကျွန်တော့်ကိုအဖေမချစ်ခဲ့ဘူး နက္ခတ်မှားတစ်ချို့နဲ့ မွေးဖွားလာလို့ ဂြိုလ်ဆိုးလေးလို့ပဲမြင်ခဲ့တာ ပြီးတော့ သုဿန်မှာတောင်စွန့်ပစ်ဖို့ပြောခဲ့လို့ အမေနဲ့စကားများပြီး ကွာရှင်းခဲ့ကြတယ်။ ခုချိန်ထိ အဖေ အသက်ရှင်နေလား မရှင်ဘူးလားမသိရဘူး ခုလည်းကျွန်တော်မရဖူးတဲ့ဖခင်မေတ္တာကို ပထွေးဆီကရမလားလို့ မျှော်လင့်မိတာ နည်းနည်းရယ်ရတယ်မလား?"

"Jiminshi!! ဘယ်လိုများသည်းခံပြီးနေနေတာလဲ
တကယ်အံ့ဩမိတယ် ဒီလောက်ဆိုးတဲ့လူနဲ့အတူမနေတော့နဲ့"

"အတူမနေလို့ဘယ်သွားနေရမလဲ?"

"ကျွန်တော်နဲ့လာနေလေ"

"တော်ပါပြီ CEO နဲ့သာအတူနေရင် တစ်နေ့ ရန် ၁၃ပွဲလောက်ဖြစ်နေမှာ"

"ဘာ CEO လဲ ခုက သူငယ်ချင်းမဟုတ်ဘူးလား
ဒီအချိန်မှာ CEO လဲမရှိသလို အတွင်းရေးမှူးလဲမရှိဘူး
ကျွန်တော်တို့ပေါ့ပေါ့ပါးပါးပဲ ပြောရအောင်"

လေတိုးသံအချို့ကြောင့် ဆည်းလည်း‌သံသဲ့သဲ့လေးလည်းကြားနေရပြန်သည်။ ကျွန်တော်တို့နှစ်ယောက် ပက်လက်ထိုင်ခုံတစ်ခုစီနဲ့ လဲလျောင်းကာကောင်းကင်သို့ကြည့်ရင်း စကားဆက်‌မိကြသည်။

"ဒါနဲ့ Jeon... Jungkook မှာရော"

"ဘာကိုသိချင်တာလဲ?"

"မမေးတတ်ဘူး ပြောချင်တာရှိရင် ပြောပြလေ ကျွန်တော်နားထောင်ပေးမယ်"

"ကျွန်တော့်ဘ၀ကလည်း ရယ်ရတယ် Jimin လိုပဲ
အမေက ကျွန်တော် ၁နှစ်သားလောက်တည်းက ပစ်ထားခဲ့တာ သူမ ကျွန်တော့်ကိုမချစ်ဘူး"

"ဒါပေမယ့် Jungkook က အများကြီးတော်တာပေါ့
အဖေဖြစ်သူက အတော်ချစ်ပုံရတယ် နောက်အိမ်ထောင်လည်းမပြုဘူးလေ"

မောင့် လမင်းငယ်🌙Where stories live. Discover now