Part 12🌙

835 62 6
                                    

"ဘာဖြစ်နေတာလဲ CEO သ၀န်တိုနေတာလား"

"မင်းကိုယ်မင်း သိပ်အထင်ကြီးနေပြီ Park Jimin
ငါစိတ်ဆိုးတာက တစ်ခြားလူရဲ့ရှေ့မှာ မင်းငါ့ကို ပမာမခန့်ပြုမူနေလို့ပဲ အဝေးကြီးလျှောက်တွေးမနေနဲ့"

Jimin လည်း ဘာမှခွန်းတုန့်မပြန်တော့ပဲ ငြိမ်ပြီးလိုက်လာခဲ့သည်။ မျက်၀န်းတစ်စုံက ဝေတေဝါးတားနဲ့ ကားလမ်းမကြီးဘေးကို ငေးကြည့်နေရင်း ရင်အစုံတို့က ဆစ်ခနဲ ဆစ်ခနဲနှင့် ခံရခက်နေသည်။

Jeon လည်း ဒေါသအလျောက် ပြောပြီးသွားမှ လက်လွန်သွားပြီလို့ တွေးမိ၍ ဘာမှဆက်မပြောပဲ Company သို့
ပြန်မောင်းလာခဲ့သည်။ Shining Star Jeon ရှေ့
ရောက်သည်နှင့်

"Jiminshi! ဟို..ဟိုလေ"

"ဘာခိုင်းမလို့လဲ CEO Jeon
ဒီဇိုင်းဆွဲတဲ့ဌာန သွားရမလား"

"ဟို..ကျွန်..တော်..."

"အားမနာပါနဲ့ ကျွန်တော်က ၀န်ထမ်းပဲလေ
အလုပ်ရောက်မှတော့ ကျွန်တော့်တာ၀န်ကျေအောင်
လုပ်မှာပါ စိတ်မပူပါနဲ့"

အရေးထဲ ဖုန်း၀င်လာ၍ ဘာမှဆက်မပြောလိုက်ရပဲ
ဖုန်းကိုသာ ကိုင်လိုက်ရတော့သည်။

"‌Hello!..ဘာလဲ"

"ဟာ... Jungkook ရာ ဖြေးဖြေးပြောပါဟ
ငါလန့်တတ်တယ် လိပ်ပြာငယ်လို့"

"ပေမရှည်နဲ့ ပြောစရာရှိတာပြော"

"ငါ..ငါလေ ဒီတစ်ယောက်ကိုတော့
အတည်ဖြစ်နေပြီကွာ မရတော့ဘူး"

"အဆုံးအစမရှိ ပလီပလာတွေငါ့လာမပြောနဲ့
Jungwoo ငါစိတ်မကြည်ဘူးနော်"

"မင်းကြည်တဲ့အချိန်က ဘယ်နှစ်နာရီရှိလို့လဲ"

"ဒါပဲကွာ ညကြမှပြောမယ် ငါအလုပ်မအားဘူး"

"ကောင်းပါပြီခင်ဗျ CEO Jeon"
_____________________________

"Stylist ဒါလေး ကျွန်တော်၀တ်ရမလား"

"မရဘူး V ကျွန်မရွေးထားတဲ့အထဲမပါဘူး"

"ဟာဗျာ..ဒါလေး၀တ်ချင်ပါတယ်ဆို"

"Model V ရှင့် ငြိမ်ငြိမ်လေးနေပေးပါ
အကယ်၍မငြိမ်ဘူးဆိုရင် New York မှာပြမယ့်
ကြော်ငြာထဲမှာ ဆံပင်မီးကျွမ်းတဲ့ပုံလေး ပါချင်လို့လား"

မောင့် လမင်းငယ်🌙Where stories live. Discover now