"တောက်စ်!!"
"ဒီမှာ အကိုမြင်ရသလောက်တော့ ညီမကအရင်၀င်တိုက်တာနော် သိသိကြီးနဲ့ ဘာမှ ပြဿနာရှာစရာအကြောင်းမရှိဘူး
တောင်းပန်ရမှာက ညီမနော်""အကိုက ဘာသိလို့ ဘာ၀င်ပြောရတာတုန်း"
Jeon : ဟျောင့် မင်းက ဘာလို့သူများကြားထဲ၀င်ပါရတာလဲ လာ.. ပြန်လာခဲ့
"မင်းမမြင်ဘူးလား ပလိန်းကြီး တစ်ဖက်လူက အပြောခံနေရတာကို"
Jimin : ဟုတ်ကဲ့အမ ကျွန်တော့်အမှားလို့ အမ ထင်ရင်လည်း ကျွန်တော်ကပဲ တောင်းပန်ပါတယ် ဟုတ်ကဲ့ ကျွန်တော်မှားသွားပါတယ် နောက်မဖြစ်စေရပါဘူး
"ဒါဆို ဝိုင်တွေစွန်းသွားတဲ့ ငါ့ Dress ကိုရော ဘယ်လိုတာ၀န်ယူပေးမှာလဲ?"
တစ်ဖက်မိန်းကလေးက Jeon အာရုံစိုက်လာအောင် နည်းမျိုးစုံနဲ့ကြိုးစားနေပေမယ့် Jeon ကတော့ ဝိုင်အသောက်မပျက် တစ်ခွက်ပြီး တစ်ခွက်သောက်ရင်း PH ကိုသာ တွင်တွင်ကြည့်နေတော့သည်။
"ပြောစမ်း!! နင့် Dress ဘယ်လောက်တန်လဲ ငါလျော်ပေးမယ်"
"အကိုနဲ့ ဘာဆိုင်လို့၀င်ပြောနေတာလဲ အဓိက တရားခံကိုပဲပြောနေတာမို့ ၀င်မပါပါနဲ့"
"ငါနဲ့ ဘာဆိုင်လဲ ဟုတ်လား သိပ်သိချင်မှတော့ ပြောပြရတာပေါ့ ငါနဲ့သူနဲ့က လက်ရှိ....."
"တော်ကြတော့!!"
အရာရာကို Attention ပေးရတာမကြိုက်ပဲ ဘာသိဘာသာနေတတ်တဲ့ Jeon က အသံနက်ကြီးနဲ့ထအော်တော့ သူငယ်ချင်းဖြစ်သူ Lee Jungwoo ပင် တုန်လှုပ်သွားခဲ့သည်။ Bar တစ်ခုလုံးရဲ့ အကြည့်တွေ အာရုံစိုက်မှုတွေကလည်း Jimin တို့ ပြဿနာ၀န်းထဲကို တည့်တည့်မတ်မတ်ပင်။ Jeon အသံကြောင့် DJ တွေကအစ ရပ်သွားကြပြီး နောက်ဆုံး Manager ကိုယ်တိုင်ပါထွက်လာရသည်။
"ဟဲ့ Mi So နင်စွမ်းလိုက်တာဟယ် ဘာဆေးများစားခဲ့သလဲ မျှပါအုံး ဟိုက အချေလူချောလေးကတောင် ထအော်နေပြီ ယူတကယ်စွမ်းတယ်ဟယ်"
"ဒီလိုပဲဖြစ်ရမယ်လေ ငါပါ ငါပါဟ"
"ဟျောင့်..မင်းပြန်တော့" ဟု အကျယ်ကြီးအော်လိုက်တာကြောင့် Lee Jungwoo ဘယ်အပေါက်ကပြေးသွားလဲမသိဘူး အစအနတောင်မတွေ့ရတော့ဘူး သူငယ်ချင်းဖြစ်သူ
Jeon ရဲ့ ဒေါသကို အသိဆုံးသူပင်ဖြစ်သောကြောင့်
YOU ARE READING
မောင့် လမင်းငယ်🌙
Sachbücherကံကြမ္မာကသိပ်ရက်စက်စွာ ရှင်ကွဲပဲ ခွဲခွဲ သေကွဲပဲခွဲခွဲ မမေ့မလျော့ပဲ ဒီတစ်ယောက်တည်းကို ချစ်နေဦးမယ်ဆိုတာ မင်းကိုပြောပြချင်လိုက်တာ မောင့်ရင်ထဲက မောင့်လမင်းငယ်ရယ်🌙