Part 33 🌙

545 40 10
                                    

"ကောင်းပဗျာ...ဒါနဲ့ Daddy နောက်အပတ် ဆိုးလ်ကိုပြန်လာမှာနော် လက်ဆောင်ဝယ်ခဲ့မယ် ပြီးတော့ Kim အိမ်တော်ကလူတွေနဲ့ စေ့စပ်ပွဲကိစ္စတွေ ပြောရအုံးမှာ"

"လုပ်ပြီ...မယူဘူးနော် ဒါပဲ"

"Daddy ကို ဂျစ်မတိုက်နဲ့ ပြန်လာမှ‌အေးဆေးပြောကြတာပေါ့"

"ဒါဆိုလည်း ဘိုင့်"

‌ဖုန်းချပြီးတယ်ဆို Jeon က ကုတင်ခေါင်းရင်းဘက် ဖုန်းကိုပစ်ထားလိုက်သည်။ Jimin လည်း Daddy ဆိုသော အသုံးအနှုန်းကို ကြားလိုက်ကတည်းက ခေါင်းကျိန်းနေမိသည်။ ရင်တွေလည်း တလှပ်လှပ်တုန်နေပြီး နှစ်ယောက်သား relationship ကိစ္စကို ဥက္ကဌသိသွားရင် ဘာဆက်ဖြစ်မလဲပါအစ တွေးပူမိပြန်သည်။

Jeon က Jimin ပုခုံးနှစ်‌ဖက်ကို သေချာကိုင်ပြီး အကြည့်ချင်းကို ဆုံစေလိုက်သည်။

"သဲငယ်...မောင့်ကို အဖြေပေး"

"ဘာ...ဘာကိုအဖြေ

"မောင့်ကို ဘယ်တော့လောက် လက်ထပ်မလဲ မောင် အကြာကြီးမစောင့်ချင်ဘူး ချစ်လွန်းလို့ မြန်မြန်ပိုင်ဆိုင်ချင်ပြီ"

ချစ်သူသက်တမ်းနုနုလေးမှာပဲ မောင့်ဘက်က လက်ထပ်ခွင့် အလောတကြီးတောင်းဆိုနေတာ အကြိမ်ရေမနည်းတော့တာမို့ မောင့်ကိုလည်း အားနာမိပါသည်။ တကယ်တော့ ကျွန်တော်က ပိုပြီး နီးစပ်ချင်ခဲ့တဲ့သူတစ်ယောက်ပါ။ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်း အထူးသဖြင့် မောင့်လို လူဂုဏ်တန်အသိုင်းအဝိုင်းကလူနဲ့ ဘာမဟုတ်တဲ့ အညတရလူတစ်ယောက်နဲ့က လုံးဝအပ်စပ်မနေဘူးလို့လည်း တွေးမိသည်။ ဒါပေမယ့် မောင့်ကို ကျွန်တော် လက်မလွှတ်နိုင်ပါ။

"သဲငယ်..ဘာတွေတွေးနေတာလဲ ပြန်လည်းမဖြေဘူး"

"မောင်..တစ်ခုလောက်တောင်းဆိုမယ် ရမလားဟင်"

"ဘာများလဲ ပိုးကောင်ရဲ့"

"ဟိုလေ...အဖြေပေးမလို့ပါ ပြီးတော့ တောင်းဆိုချင်လို့"

"ဗျာ..ဗျာ..ဘယ်လို တကယ်ကြီး"

"ဟုတ်တယ်မောင်...သဲငယ်မှာ ရည်မှန်းချက်တစ်ခုရှိတယ် အဲ့ရည်မှန်းချက်ရဲ့ Target က နောက်နှစ်လောက်မှပြည့်မှာ
အဲ့ဒါလေးပြီးသွားရင် သေချာပေါက်‌ မောင့်ကို လက်ထပ်မယ်နော်"

မောင့် လမင်းငယ်🌙Where stories live. Discover now