"သခင်လေး ပြန်လာပြီလား"
"သဲငယ်ရော"
"ရှင်"
"မေးနေတယ်လေ သဲငယ်ရော"
"ဟို..ဟိုလေ အကိုလေးက ညနေကပဲပြန်သွားတယ်
Luggage အိတ်တစ်လုံးနဲ့""ဘာ!!!"
"နင်တို့ တစ်ယောက်မှမတားကြဘူးလားဟမ်"
"ကျွန်မတို့လည်း ကြိုးစားပြီးတားတာပါပဲ ဒါပေမယ့် မရခဲ့ဘူး"
"Ring!!! Ring!! Ring!!"
"Hello Daddy"
"Jeon ငယ်...ခဏနေ အိမ်လာခဲ့အုံး Daddy သားနဲ့ပြောစရာရှိတယ်"
"နောက်မှပြော Daddy ရာ သား မအားဘူး"
"Jeon ငယ်!!"
အဖေဖြစ်သူ လေသံမာမာ သုံးလိုက်ရင် ငြင်းဆိုနိုင်ခြင်းမရှိတာကြောင့် လက်ခံလိုက်ရသည်။ ငယ်ငယ်တည်းက ကျွန်တော့်ဘဝကို Daddy ကပဲ လမ်းပြပေးခဲ့ပြီး Daddy ကပဲ လွှမ်းမိုးခဲ့တာမဟုတ်လား။ ငယ်ငယ်ကနေ အချိန်တစ်ခုထိ Daddy ပုံစံခွက်ထဲရှင်သန်ခဲ့တာမှ တစ်ခြားအချိန်တွေဆိုးသွမ်းချင်ရင် ဆိုးသွမ်းမယ် Daddy လေသံမာရင်တော့ အနည်းငယ်ရှိန်မိသည်။
"လာခဲ့မယ် Daddy"
"ပြီးရော ညစာစားမလာနဲ့ Daddy စီစဉ်ထားလိုက်မယ်"
"Okay"
Ph ချပြီးသည့်နောက် ရေအရင်သွားချိုးလိုက်သည်။
စိတ်ထဲတော့ တစ်ခုခုထင့်နေမိတာအမှန်။ Jimin အနားမှာမရှိတော့ တစ်ခုခု ဟာတာတာဖြစ်နေသလိုခံစားချက်ကြီးက အလုံးအရင်းဝင်ရောက်လာပြန်သည်။
လွမ်းလိုက်တာ မောင့်သဲငယ်ရယ် စိတ်ကောက်ပြီးပြန်သွားရတယ်လို့ အချစ်ခံရလို့ ကလေးပိုဆန်လာသလိုပဲ။ရထားပေါ်ကနေ ညမြင်ကွင်းတွေငေးမောရင်း တစ်တိတိနှင့် ခရီးဆက်လာရာ အန်တီလေးတို့ မြို့လေးဘက် ရောက်လာတော့သည်။ ခဏအကြာ ဘူတာဆိုက်ရောက်ပြီး luggage အိတ်တစ်လုံးဆွဲကာ Taxi ငှါးပြီးသွားခဲ့သည်။ညည့်နက်နေပြီမို့ တူအလာကို ဧည့်ခန်းရှေ့မှ ရင်တမမနှင့်စောင့်နေသည်။
"ဟာ..Jimin လေး ရောက်လာပြီပဲ"
"ဟုတ် အန်တီလေး အငယ်ကောင်ရော"
YOU ARE READING
မောင့် လမင်းငယ်🌙
Não Ficçãoကံကြမ္မာကသိပ်ရက်စက်စွာ ရှင်ကွဲပဲ ခွဲခွဲ သေကွဲပဲခွဲခွဲ မမေ့မလျော့ပဲ ဒီတစ်ယောက်တည်းကို ချစ်နေဦးမယ်ဆိုတာ မင်းကိုပြောပြချင်လိုက်တာ မောင့်ရင်ထဲက မောင့်လမင်းငယ်ရယ်🌙