Part 38🌙

606 55 34
                                    

"အာညော်...ယခု လက်ရှိဒီ company ရဲ့ Brand Ambassador ဖြစ်တဲ့ မော်ဒယ် V ရဲ့ Dating news အကြောင်းလေး မေးချင်လို့ပါ"

"ဟုတ်ကဲ့ရှင့် သိသလောက်ဖြေပေးပါ့မယ်"

"မော်ဒယ် V က လက်ရှိရထားတဲ့သတင်းအရ ဒီ company က ဝန်ထမ်းကောင်လေးနဲ့ ဒိတ်နေတယ်လို့သိရပါတယ် ဒါနဲ့ပတ်သက်ပြီး အမတို့ ဌာနဘက်က ဘာများပြောစရာရှိလဲရှင့်"

"ဒါကတော့ ကာယကံရှင်တွေရဲ့ အတွင်းရေးပါ ဒါပေမယ့် မဖုံးနိုင်မဖိနိုင်ဖြစ်လာတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ ဓာတ်ပုံလေး တစ်ချက်လောက်ပြကြည့်ပါလား ယူ့ကို"

"ဒီမှာပါ အမ"

ကင်မ်ယူဂျင်းရဲ့ မျက်နှာက အရမ်းအံ့ဩသွားတဲ့ပုံစံဖမ်းလိုက်ကာ ပါးစပ်ကိုလက်ဖြင့်အုပ်လိုက်တဲ့အမူအရာပြလိုက်သည်။

"အမ သိနေတာလား ဒီထဲက ကောင်လေးကို"

Media တွေ ဝိုင်းမေးနေတဲ့အချိန်မှာပဲ Jimin တစ်ယောက် စက်ဘီးတစ်စီးနဲ့ရောက်လာတော့ ဘင်းတို့အဖွဲ့က ပြေးပြီးဆိုင်ကယ် ဦးထုပ်ဆောင်းစေကာ အထဲကိုခေါ်သွင်းသွားခဲ့သည်။

"ရှင်းမီတို့ ဘာဖြစ်လို့လဲ"

"Jiminie ပြီးမှပြောပြမယ်"

"အင်း အင်း"

ဌာနအတွင်းရောက်တော့လည်း ဝန်ထမ်းအချို့က Jimin ကိုကွက်ကြည့် ကွက်ကြည့်လုပ်နေကြပြန်တော့ မအူမလည်တွေဖြစ်ကုန်ရသည်။

"ဘင်းရေ ကျွန်တော့်ကိုပြောပြ ခု company ရှေ့မှာလူအုပ်ကြီးရောက်နေကြတာ ဘာဖြစ်ကြလို့လဲ"

"ဟင် ဒီလောက်ဟော့နေတဲ့ Dating news ကြီးကိုလေ မသိဘူးပေါ့"

Jimin ခေါင်းခါပြတော့ အကုန်သက်ပြင်းချကုန်ကြတော့သည်။ ခဏအကြာ ရှင်းမီက အကြောင်းစုံပြောပြ‌ေတာ့မှ သိလိုက်ရသည်။အလုပ်သင်ကောင်လေးလည်း Jimin နားသို့ရောက်လာပြီး

"အကို Jimin ရေ CEO က ရုံးခန်းထဲလာခဲ့ပါတဲ့"

ဟမ်..သွားပါပြီ ဘာတွေလဲမသိဘူး သေချာပေါက် မောင် ငါ့ကိုစိတ်ဆိုးနေလောက်တယ် သေပါပြီ လူကအငွေ့ပျံချင်စိတ်ပါပေါက်ကုန်ပြီ ဘာတွေလဲ ဘာတွေလဲ ဟူးး

မောင့် လမင်းငယ်🌙Where stories live. Discover now