"ဟ! သားရီး အောင်မြင်တယ်မလား"
"....."
Jeon အိမ်တံခါးကို ဆောင့်ပိတ်သွားတော့ Jungwoo အနည်းငယ်တွေဝေသွားတော့သည်။
ဟ..ဘာလဲဟ ရည်စားလေးတစ်ခါထားဖူးတာ ဘဝင်လေဟပ်သွားတာလား ဒါနဲ့ Jimin ကရော ဘာလို့ပါမလာပါလိမ့်
ဒါမှမဟုတ် ကမ်းခြေမှာ တစ်ခုခုများဖြစ်လို့လားJungwoo တစ်ယောက်ကမ်းခြေသို့ အပြေးအလွားသွားကြည့်တော့ Jimin နဲ့ ကျားလုံက ခုံတန်းလျားမှာ ထိုင်စကားပြောနေကြသည်။ Jeon ဘာ့ကြောင့်လှည့်ပြန်လာလဲဆိုတဲ့ အကြောင်းရင်းကို သိလိုက်ရသည်။ Jungwoo လည်း Jeon အိမ်ဘက်သို့ ခပ်သုတ်သုတ်ပြန်လျှောက်သွားလိုက်သည်။
"ဒေါက်...ဒေါက်...ဒေါက် Jungkook တံခါးဖွင့်ဟျောင့်"
Jeon တံခါးကိုချက်ချင်းပြန်ဖွင့်လာပြီး နီရဲသော မျက်လုံးများဖြင့် Jungwoo ကိုကြည့်လိုက်သည်။
"ဟျောင့် ဘာတွေဖြစ်ကုန်တာလဲ ပြောစမ်း ငါ့ကို"
"ဘာမှမဖြစ်ဘူး ပြန်တော့"
"မင်းပုံစံကြည့်ရတာ တစ်ခုခုဖြစ်နေပုံပဲ ပြော အခု ငါ့ကို"
"တော်ပါတော့ ငါ့ဘာသာ တစ်ယောက်တည်းနေပါရစေ"
Jeon တံခါးကိုပြန်ပိတ်သွားပြီး အပြင်က ထုရိုက် ခေါ်နေလည်း ဂရုမစိုက်တော့ပေ။ ကျားလုံလည်း Jimin နဲ့စကားပြောပြီးနောက် hotel ဘက်သို့ပြန်သွားတော့သည်။
Jimin လည်း ခေါင်းတခါခါရယ်မောရင်း နှင်းဆီပန်းစည်း
ကိုကိုင်လျက် ခရုတွေဆီသွားကာ သဘောတကျငုံ့ကြည့်နေတော့သည်။ အချိန်အနည်းငယ်ကြာ စောင့်နေပေမယ့် Jeon မရောက်လာသဖြင့် စိတ်ပျက်ကာ အခန်းပြန်ရန်ကမ်းခြေမှ ခြေလှမ်းများစတင် ထွက်ခွာလိုက်သည်။ကမ်းခြေနှင့်မလှမ်းမကမ်း အရွက်ဖားဖားအပင်ကြီးတွေနားရောက်တော့ သဲပြင်ပေါ်က နေကြာပန်းစည်းလေးကိုတွေ့လိုက်ရတော့သည်။
ဒါ..ဒါ Jeon ပဲနေမှာ သူကဘာလို့ ငါနဲ့ချိန်းပြီး
ငါ့ဆီမလာတာလဲ တစ်ခုခုတော့လွဲနေပြီ ငါသွားမေးတာပဲကောင်းပါတယ်လေJimin လည်း Jeon အိမ်ဘက်ရောက်သွားပြီး တံခါးခေါက်လိုက်သည်။ တံခါးလာဖွင့်မပေးသောကြောင့် Jimin စိတ်အနည်းငယ်ထွေပြားသွားပြီး ဖုန်းခေါ်လိုက်တော့သည်။
YOU ARE READING
မောင့် လမင်းငယ်🌙
Non-Fictionကံကြမ္မာကသိပ်ရက်စက်စွာ ရှင်ကွဲပဲ ခွဲခွဲ သေကွဲပဲခွဲခွဲ မမေ့မလျော့ပဲ ဒီတစ်ယောက်တည်းကို ချစ်နေဦးမယ်ဆိုတာ မင်းကိုပြောပြချင်လိုက်တာ မောင့်ရင်ထဲက မောင့်လမင်းငယ်ရယ်🌙