Part 16🌙

828 62 2
                                    

"ဟမ်!!"

"ချစ်..ချစ်သူ..ဘယ်ကလဲ Jung
ဘယ်သူလဲ ဘယ်တုန်းက ချစ်သူရသွားတာလဲ?"

"အဒေါ်ကြီးရေ....နောက်ဆို ဧည့်သည်လာရင်
ကျွန်တော့်ကို အသိပေးပြီးမှ၀င်ခိုင်းနော်"

"ဟုတ်ကဲ့  စိတ်ချပါ သခင်လေး"

Jeon လည်း မျက်ခုံးလေးတစ်ချက်ပင့်ကာ အပေါ်ထပ်ပြန်တက်သွားတော့သည်။ ယူဂျင်းလည်း စိတ်ထဲတွေဝေသွားပြီး

(ဘယ်ကချစ်သူလဲ? ဟင်းး ၁၆နှစ်တာ သံယောဇဉ်ကို
ကျော်နိုင်လို့လားသူက စောင့်ကြည့် Jung ငါ မရရအောင်ခွဲပြမယ် ငါကလွဲပြီး ဘယ်သူ့ကိုမှမချစ်ရဘူး)

မျက်မှန်ကောက်တပ်ပြီး ဒေါက်ဖိနပ်သံကို ပုံမှန်ထပ်မြည်အောင်လျှောက်သွားခဲ့ပြီး ကားဖြင့် တစ်ရှိန်တိုးမောင်းထွက်သွားတော့သည်။

"တူ..တူ..တူ...တူ.. Hello Daddy
ဘယ်က အရှုပ်ထုတ်တွေနဲ့ လာပတ်သက်ခိုင်းနေတာလဲ"

"ဟိုး!! လူကလေး ဖြေးဖြေးပြော"

" Daddy အကြောင်း မသိရင်ခက်မယ်
ကင်မ်ယူဂျင်းကို သဘောကျရင် Daddy ယူလိုက်လေ
မိထွေးအဖြစ်လက်ခံပြီး အိမ်ပေါ်ကဆင်းပေးမယ်"

"Jeon ငယ် Daddy က သားအတွက်အထောက်အကူဖြစ်စေချင်လို့ပါ ပြီးတော့ သမီးယူဂျင်းက ထက်မြက်တဲ့မိန်းကလေးမို့ ပြီးတော့ Daddy ကိုငွန့်ပြီး ကန့်လန့်တွေမပြောနဲ့"

"ပြောထွက်အောင် Daddy က ဖန်လိုက်တာကို"

"အတွင်းရေးမှူးနဲ့ အဆင်မပြေဘူးဆို"

"ဘယ်သူပြော?"

"Daddy အဲ့မှာရှိမနေပေမယ့် မျက်စိတွေ နားတွေကိုယ်စားလွှတ်ထားတယ် အဲ့တော့ အပ်ကျတာကအစသိတယ်နော်
Park Jimin ကိုသဘောမကျရင် သူလုပ်နေကျဌာနကို
ပြန်ပို့ပေးလိုက် ပြီးရင် အတွင်းရေးမှူးနေရာကို သမီယူ....."

"နေအုံး နေအုံး Daddy သူ့ကိုမခန့်နိုင်ဘူးနော် တစ်ခါထဲ အပြတ်ပြောလိုက်မယ် ကျွန်တော့်အတွင်းရေးမှူးနဲ့ပဲအဆင်ပြေတာမို့ Jimin ကတော်တယ် လှည့်ကြည့်စရာမလိုဘူး အာရုံမပေးဘူး အဲ့တော့ သူ့ကိုမစွန့်လွှတ်ဘူး အိုခေ"

"Jeon ငယ်အဆင်ပြေရင် ပြီးတာပဲလေ ဒါပေမယ့်
Daddy ကတော့ ကြော်ငြာ ပရောဂျက်ကိစ္စတွေမှာ သမီးယူဂျင်းကို ဦးဆောင်ပေးဖို့ ပြောထားပြီးသားမို့ သူ့ကို
တစ်ခြားဌာနမှာတော့ ခန့်ရလိမ့်မယ် အိုခေ Jeon ငယ်မလုပ်ချင်ရင် Daddy ပဲကြည့်ခန့်လိုက်တယ် သင့်တော်တဲ့ဌာနကို"

မောင့် လမင်းငယ်🌙Where stories live. Discover now