"သဲငယ် ဘာမှဖြစ်လို့မရဘူး မောင့်နားမှာပဲနေရမယ်
ဒီလိုနည်းနဲ့ မောင့်ကိုစိတ်ကောက်တာ ခွင့်မပြုနိုင်ဘူး"အခန်းရှေ့က ထိုင်ခုံပေါ်မှာထိုင်နေရင်း လက်နှစ်ဖက်ကတစ်ဖက်နှင့်တစ်ဖက် ဆုပ်ကိုင်ထားပြီး ရင်ထဲတွင်လည်း မတင်မကျဖြစ်နေခဲ့ရသည်။ Jimin အမေကိုလှမ်းပြောဖို့လည်း သတိက ဝင်လာတာမို့ ဖုန်းကို အိတ်ကပ်ထဲက ထုတ်ပြီးဆက်လိုက်သည်။
"Hello အဒေါ် သဲငယ်နှာခေါင်းသွေးတွေကျပြီး မေ့သွားလို့ ခုဆေးရုံရောက်နေတယ်"
"ဟင်! ဘယ်လိုဖြစ်ရတာလဲကွယ် အဒေါ်ကိုလိပ်စာပေးခုချက်ချင်းလိုက်လာခဲ့မယ် Taxi နဲ့"
"ဟုတ်..ကျွန်တော် message ပို့လိုက်မယ်ခု"
Jeon message ပို့လိုက်တဲ့ Hospital location ကိုကြည့်တော့ လုံးဝကို သူတို့လို သာမန်အနိမ့်တန်းလူတန်းစားတွေ မသွားနိုင်တဲ့ဆေးရုံမျိုးဖြစ်နေတာမို့ ငွေရေးကြေးရေးအတွက် ရင်တမမဖြစ်ရသေးသည်။
"မေမေ...ကိုကို ဘာဖြစ်တာလဲဟင် ဘာဖြစ်တာလဲလို့"
"မေ့သွားလို့တဲ့ သမီးရေ မေမေတို့ ခုလိုက်သွားမှဖြစ်မယ်"
"ဒါဆိုလည်း သွားရအောင်တစ်ခါတည်း အိမ်မပြန်နဲ့တော့"
"ဟဲ့ မဝင်လို့မရဘူး ပိုက်ဆံဝင်ယူရအုံးမယ်"
"ဒါဆိုလည်း မြန်မြန်"
သားအမိနှစ်ယောက်သား အမြန်ပြန်လာပြီး အိမ်ကိုတစ်ခေါက်ဝင် ပိုက်ဆံဝင်ယူပြီးမှ Taxi နဲ့ ဆေးရုံသို့ အမြန်လိုက်သွားကြတော့သည်။ Jeon လည်း အခန်းရှေ့ ငူငူကြီးထိုင်စောင့်နေရင်း
"အကိုရှင့်..အကိုက လူနာရှင်လားမလား"
"ဟုတ်..ဟုတ်ပါတယ်"
"အထဲဝင်လို့ရပါပြီ ကျွန်မတို့လိုအပ်တာတွေအားလုံးလုပ်ထားပေးပါတယ် ဆေးထိုးထားတဲ့အရှိန်လည်းပါတာမို့ သတိပြန်လည်ဖို့ အနည်းငယ်စောင့်ရပါမယ်"
"ဗျာ...စောင့်ရအုံးမယ် စိုးရိမ်စရာမရှိဘူးမလား နှာခေါင်းသွေးကရော"
"လူနာက ပင်ပန်းနေပုံရတယ် အားနည်းနေတာ ပြီးတော့ နှာခေါင်းသွေးက နေပူပြင်းနေလို့လည်းဖြစ်နိုင်သလို စိတ်ဖိစီးနေလို့လည်းဖြစ်နိုင်ပါတယ် ဆေးစစ်ချက်အရတော့ ပြဿနာမရှိပါဘူး"
YOU ARE READING
မောင့် လမင်းငယ်🌙
Non-Fictionကံကြမ္မာကသိပ်ရက်စက်စွာ ရှင်ကွဲပဲ ခွဲခွဲ သေကွဲပဲခွဲခွဲ မမေ့မလျော့ပဲ ဒီတစ်ယောက်တည်းကို ချစ်နေဦးမယ်ဆိုတာ မင်းကိုပြောပြချင်လိုက်တာ မောင့်ရင်ထဲက မောင့်လမင်းငယ်ရယ်🌙