Part 17🌙

802 48 6
                                    

"🌻နေကြာ🌻"

"ဘာလို့လဲ"

"သစ္စာရှိလို့"

"ဒီလိုလေ အဝါရောင် နေကြာပန်းတွေရဲ့ သင်္ကေတက ချစ်ခြင်း/မြတ်နိုးခြင်းကို ကိုယ်စားပြုပြီးတော့ ချစ်သူရဘက်ကိုပဲ အမြဲတမ်းငေးမောနေတာမျိုး အဲ့တာကြောင့်"

Jimin ဆိုလိုရင်း အဓိပ္ပာယ်မှာ နေကြာတွေဟာ အမြဲတမ်း
နေရှိရာဘက်သာ မျက်နှာမူကြပြီး နေ၀င်သွားခဲ့ရင်တောင်
နောက်တစ်နေ့ နေထွက်လာဖို့ကို သစ္စာရှိရှိမျှော်လင့်စောင့်စားကြတယ်မဟုတ်လား? ထိုပန်းတို့ကို ချစ်ခြင်းရဲ့သင်္ကေတ၊ မြတ်နိုးခြင်းရဲ့ သင်္ကေတ၊ နွေးထွေးတဲ့အချစ်လို့ မြင်သည့်အတွက်ကြောင့် ယခုလိုပြောခြင်းဖြစ်သည်။

"ပန်းတွေအများကြီးသဘောကျတဲ့ ကျွန်တော်တောင် အံ့ဩမိတယ် ဒီလိုတစ်ခါမှ တွေးမကြည့်ဖူးလို့"

"အာ! မဟုတ်တာ လူတိုင်းမှာ Fav ဆိုတာရှိတယ်
ဘာလို့ Fav လို့သုံးလဲဆိုတဲ့ အကြောင်းရင်းလည်းရှိတတ်ကြတယ်။ ဒါကိုကျွန်တော်က ပုံမှန်လေးပြောပြရုံပါ"

"ဒါနဲ့ CEO ရဲ့ Fav ပန်းကရော?"

"လာ..လိုက်ခဲ့ အပေါ်ထပ်မှာရှိတယ် ပြမယ်"

နှစ်ယောက်သား အပေါ်ထပ်ကိုပြန်တက်သွားကြပြီး
မီးဖိုချောင်က ချောင်းနေသော အုပ်စုမှာလည်း ပန်းကန်ပြေးသိမ်းတဲ့လူကသိမ်း တံမြက်စည်းလှည်းတဲ့သူက လှည်းနှင့် အလုပ်ရှုပ်နေကြတော့သည်။

"အပေါ်ထပ်ကို ပြန်တက်သွားတယ်နော် ဘာလား ဟိဟိ"

"မသိဘူး တစ်ခုခုပဲ"

"တစ်ယောက်သောသူ ရက်ရောနေတာနော်"

"ဟဲ့...ညည်းတို့ အချိန်ပြည့် ဒါပဲတွေးနေတာလား
လုပ် မြန်မြန် ပြီးအောင် ပြန်ဆင်းလာရင် မလွယ်ဘူး"

အပေါ်ထပ်ဝရံတာကို ထွက်ကြည့်လိုက်ရာ လှပကျော့ရှင်းနေတဲ့ နှင်းဆီဖြူလေးတွေက အစီအရီ ဝံ့ဝံ့ကြွားကြွားလေး နေရာယူထားသည်။ လက်ရန်းလေးတွေကို ခရမ်းရောင်လေးတွေနဲ့ အဖြူလေးတွေ ရောယှက် ခြယ်သထားသည်မှာ အလွန်ပင် ကြည့်ကောင်းလှသည်။ တစ်ဖက်မှာလည်း လသာဆောင်လေးထုတ်ထားသေးသည်။ လသာဆောင်ဘက်အခြမ်းမှာ အိပ်မက်ဖမ်းသူ ဆည်းလည်းလေး အချို့လည်းရှိနေသည်။

မောင့် လမင်းငယ်🌙Where stories live. Discover now