Part 6 🌙

889 61 0
                                    

Jeon လည်း ကားကိုအရှိန်တင်မောင်းနှင်လာကာ 1နာရီ၀န်းကျင်တွင် အိမ်ပြန်ရောက်ခဲ့သည်။ အိမ်တော်ထိန်းကြီးမှာလည်း အိပ်ချင်မူးတူးနဲ့ထွက်လာကာ "သခင်လေး ပြန်လာပြီလား "

Jeon : အင်း!

အင်း တစ်လုံးပဲပြောပြီး အပေါ်ထပ်ကိုတက်သွားသည်။ "ဒီကလေး မနက်ဖြန်အလုပ်သွားမယ်ပြောပြီး နောက်ကျမှ အိမ်ပြန်လာတာ မနက်မထနိုင်ရင်တော့...."

Jimin လည်း အိမ်ပြန်ရောက်ရောက်ချင်း ရေချိုးကိုယ်လက်သန့်စင်ပြီး အိပ်လိုက်သည်။ အိမ်ကလူတွေကလည်း တုတ်တုတ်တောင်မလှုပ် အိပ်မောကျနေ၍ သူပြန်လာသည်ကိုပင်မသိ

"Morning သခင်လေး ဒီမှာ Breakfast လည်းအဆင်သင့်ပြင်ထားပြီးပြီနော်"

အပေါ်ထပ်မှ ဆင်းလာသော သခင်လေး Jeon သည်
အုတ်ကျိုးရောင် Coat တစ်ထပ်နှင့် အောက်ခံက Shirt အဖြူလက်ရှည် Style pant အုတ်ကျိုးရောင်နဲ့ သိပ်ကိုမှ စမတ်ကျပြီး ကြည့်ကောင်းနေသည်။ ဆံပင်အမဲလေးတွေကလည်း ကျော့လို့ ဘယ်ဘက်လက်မှာလည်း ငွေရောင်ကွင်းလေးနှစ်ကွင်း၀တ်ထားလို့ရယ် မျက်နှာက တည်ကြည်နေပြီးသိပ်ကိုတည်ငြိမ်နေတဲ့ ပုံစံအနေအထားနဲ့ CEO
အသစ်လေးပေါ့

Jeon:"ခြံထဲကို နှင်းဆီဖြူတွေ အော်ဒါမှာပြီးထပ်ဖြည့်ပေးနော် ပြီးရင် ပန်းချီခန်းရှေ့ ဘယ်သူ့မှဖြတ်မလျှောက်စေနဲ့"

"ဟုတ်..ဟုတ်ကဲ့ သခင်လေးစိတ်ချပါ ကျွန်မသေချာမှာထားလိုက်ပါ့မယ်"

Jeon တစ်ယောက် အလုပ်သွားဖို့ ကားသော့ယူကာ ကားထဲ၀င်ထိုင်လိုက်ပြီး ခြံထဲမှ မောင်းထွက်သွားခဲ့သည်။ ကားမောင်းနေရင်းနဲ့ပင် လက်တွေက ဘယ်ကွေ့ညာကွေ့နဲ့ Jimin တို့ လမ်းဆုံဘက်ကို မယောင်မလည် ရောက်သွားလေသည်။ ဟော..တိုက်ထားရင်မှလွဲအုံးမယ် လမ်းကြားထဲမှစက်ဘီးနဲ့ထွက်လာသူက Jimin ပင်

အလုပ်နောက်ကျနေပြီဆိုသော အသိနှင့် စက်ဘီးကို အားကုန်တရစပ်နင်းသွားသည်။ Jeon ကလည်း မျက်စိအမြင်အာရုံရှေ့ Jimin ပေါ်လာသည်နှင့် ဘာမှဆက်မတွေးတော့ပဲ ကားကိုပုံမှန်ထပ် အရှိန်လျှော့ပြီး အလုပ်ကိုသာတန်းမောင်းသွားခဲ့သည်။

မောင့် လမင်းငယ်🌙Where stories live. Discover now