Part 20🌙

862 56 4
                                    

"ကျွန်တော် အိမ်ပြန်ချင်တယ်"

"မပြန်ရဘူး"

ကုတင်ပေါ်ကနေ ငြူစူစူအကြည့်နဲ့ကြည့်နေသော ထိုလူသားမှာ တကယ်ကြက်ပေါက်လေးလိုပင် နှုတ်ခမ်းလေးကလည်းပွစိပွစိလုပ်နေသေးသည်။🐣

"ဘာတွေပြောနေတာလဲ Jiminshi!"

"...."

Jeon လည်း ကုတင်ကိုဘေးတစောင်း တင်ပါးလွှဲ၀င်ထိုင်လိုက်ပြီး Jimin မျက်နှာကိုအသေအချာကြည့်ရင်းစကားအချို့ပြောလိုက်သည်။

"ဘာလို့ငြိမ်ခံနေတာလဲ ကျွန်တော်နဲ့ကျ ပြန်ပြန်ပြောတာ
ကပ်ကပ်လန် ပြန်တောင်းပန်ရတဲ့အထိ စိတ်ဆိုးပစ်တာ"

"ဘာသိလို့ ဒီလိုလာပြောတာလဲ"

"သိသွားပြီလေ အဖေရင်းမှမဟုတ်တာ ပထွေးလေ"

Jeon စကားကြောင့် Jimin လည်း ဘာမှခံမပြောနိုင်တော့ပဲ ထိန်းထားသော မျက်ရည်စများက ရေတံခွန်ပမာ သွင်သွင်စီးကျလာတော့သည်။ ချက်ချင်းပဲ မျက်နှာကို
ကုတင်ခေါင်းရင်းဘက်ခြမ်းသို့ လှည့်သွားသည်။ သေချာတာကတော့ သူပြိုလဲနေတဲ့ပုံစံကို တစ်ခြားသူအားမပြချင်သောကြောင့်ဖြစ်သည်။

"Jimin.... Jiminshi ဘာလို့ငြိမ်နေတာလဲ ဘာလို့မျက်နှာက ဟိုဘက်လှည့်သွားတာလဲ?"

တဆတ်ဆတ်တုန်နေသော ကျောပြင်ငယ်ကိုမြင်မှ အသေအချာငိုနေပြီဟု Jeon သိလိုက်တော့သည်။ Jeon လက်တစ်စုံက ထိုလူသား၏ ကျောပြင်သို့သွားထိကြည့်လိုက်တော့ နှိုင်းဆမရတဲ့ ဝမ်းနည်းမှုအချို့ကို ခံစားမိလိုက်သည်။

"Jiminshi ကျွန်တော့်ဘက်လှည့် ငိုနေတာသိတယ်နော်"

ပါးစပ်ကတစ်ခွန်းမှပြန်မပြောပေမယ့် ခေါင်းတော့ခါပြသည်။
Jeon လည်း ဝမ်းနည်းနေသော ထိုလူသား၏ဘေးသို့ အနည်းငယ်တိုးကပ်သွားပြီး ပုခုံးနှစ်ဖက်ကိုကိုင်၍ ဆွဲလှည့်လိုက်သည်။ မျက်ရည်များကို Jeon မမြင်အောင်အလျင်အမြန်သုတ်ပေမယ့် ထပ်မံစီးကျလာသော မျက်ရည်များကြောင့် ကိုယ့်ကိုယ်ကို ဒေါသဖြစ်မိသည်။

"ဒီမှာ ကျွန်တော့်ကိုကြည့် ဘာတွေဘယ်လိုဝမ်းနည်းနေလဲမသိပေမယ့် ကျွန်တော်ရှိတယ်နော် ခံစားရသမျှ ဖြိုချလိုက်
အဲ့လိုမျက်နှာထားကြီးနဲ့ မျက်ရည်စတွေက Jimin နဲ့မလိုက်ဘူး ကြည့်ရဆိုးတယ်"

မောင့် လမင်းငယ်🌙Where stories live. Discover now