Part 30 🌙

768 44 6
                                    

"လူလည်! အနမ်းလိုချင်လို့ဂျီကျနေတာ မဟုတ်လား"

"အနမ်းက အမြဲလိုအပ်တာလေ ဒါပေမယ့် ဂျီကျတာမဟုတ်ဘူး မောင်တကယ် နာကျင်လို့"

"ဟုတ်ပါပြီဗျာ CEO အချွဲတုံးရာ"

Jeon ကလည်း မျက်ရည်စတွေသုတ်ပြီး ကလေးတစ်ယောက်လို Jimin ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ရင်းပြောလာသည်။

"မောင်လေ စိတ်တွေမချဘူးသိလား သဲငယ်"

"ဘာကိုစိတ်မချရတာလဲ သဲငယ်က ကလေးမှမဟုတ်တာ"

"အဲ့ကလေး မဟုတ်လို့ကိုစိတ်မချတာ ဟာ..ရှုပ်တယ်
သဲငယ် မောင့်ကိုလက်ထပ်ပါ နော်..နော်လို့"

မျက်လုံးလေး ကလည်ကလည်နဲ့ Jimin မျက်နှာသို့ မော့ကြည့်ပြီး ဗြုန်းသားကြီး လက်ထပ်ခွင့်တောင်းနေသော Jeon Jungkook ရယ်ပါ

"ဟာ....ဘာတွေလာပြောနေတာလဲ မောင်"

"ဟင့်...မသိဘူး လက်ထပ်ရအောင်နော် မောင်လေ ဆုံးရှုံးရမှာသေမလောက်ကြောက်တယ်"

"အခုလက်ထပ်ဖို့က စောသေးတယ်မောင် အိမ်ထောင်မပြုချင်သေးဘူး မောင်နဲ့ ဒီလောက်ထိချစ်ခဲ့ပါတယ်ဆိုတဲ့ ချစ်သူသက်တမ်းတွေ အမှတ်တရတွေလိုချင်သေးတယ်"

"လွယ်လွယ်လေးလေ မောင့်ကိုလက်ထပ် ပြီးရင် သဲငယ်ရဲ့ယောက်ျားက သဲငယ်ကို ဘယ်လောက်ချစ် ဘယ်လောက်အလိုလိုက်ကြောင်းတွေ အမှတ်တရအနေနဲ့ သိမ်းလို့ရတာပဲကို"

ရုတ်တရတ် Jimin ပါးပြင်နှစ်ဖက်က နီမြန်းလာပြီး ရင်ခွင်ထဲက Jeon ကို တွန်းထုတ်လိုက်မိသည်။ မောင်က သူ့ကိုယ်သူ ယောက်ျားလို့ သုံးနှုံးလိုက်တာကြောင့် ရှက်လည်းရှက်မိသလို ရင်တွေလည်းခုန်မိသည်။

"စောသေးတယ်မောင် ခုတော့နေလိုက်အုံးလေနော်
စိတ်ချ တစ်နေ့သေချာပေါက် မောင့်ကိုပဲလက်ထပ်မှာ"

တွန်းထုတ်ခံရလို့ တွန့်ချိုးသွားတဲ့ မျက်ခုံးတွေနဲ့ပင့်ကာကြည့်ရင်း မောင်က ထိုလူသားလေး ရှက်သွေးဖြာသွားသည်ကို သတိထားမိလိုက်သည်။

"ဘာလို့တွန်းထုတ်တာလဲ မောင့်မျက်နှာကိုသေချာကြည့်ပြောလေ ဘာလဲ ရှက်နေတာမလား?"

မောင့် လမင်းငယ်🌙Where stories live. Discover now