အားလုံး ရုံးဆင်းချိန်ရောက်ပြီမို့ ကိုယ်စီကိုယ်ငှပြန်သွားသည့်အထဲ Jimin လည်း အပါအ၀င်ပေါ့ စိတ်ထဲလေးလံမှုတွေနဲ့ အိမ်ပြန်အရောက်
"ပြန်လာပြီလား သားကြီး"
အမေ့စကားကို Jimin မကြားပါ။ တွေဝေနေပြီး အတွေးတွေက စိုးရိမ်စိတ်တွေအပြည့်နဲ့ စိတ်လေးလံနေတဲ့ပုံစံမျိုးဖြစ်နေသည်။
"ဟဲ့! သား ပြောတာလဲမကြားဘူး နေများမကောင်းလို့လား"
"မဟုတ်ပါဘူး အမေ company မှာ CEO အသစ်ခန့်တဲ့ ကိစ္စနဲ့ သားရာထူးတိုးသွားလို့ စိတ်ထဲမယုံသလိုကြီးနဲ့ စိတ်ပူနေမိလို့ပါ"
"ဪ..ဘာများလဲလို့သားကြီးရယ် ရာထူးတိုးတာမကောင်းဘူးလား"
"ဒီနေ့ အဖေအိမ်ပြန်လာသေးလားညီမလေးရောဘယ်မှာလဲ"
"မင်းအဖေကတော့ သိတဲ့အတိုင်း ဖဲဝိုင်းမှာနေမှာပေါ့
မင်းညီမလေးက ရေချိုးနေတယ်""ပြောရင်းဆိုရင်း နယ်တကာလှည့်ပြီးပြန်လာသောသူက"
"ဟျောင့်.. Park Jimin ပြန်ရောက်ပြီလား လာအုံး ဒီနား ငါဇက်ကြောတွေတက်နေလို့ လာနှိပ်စမ်း"
"ဟုတ်..ဟုတ်ကဲ့ အဖေ"
"ဒီနားလား? ဘာလို့အများကြီးသောက်လာတာလဲ"
"အဖေ ကျန်းမာရေးထိခိုက်မှာပေါ့""စကားတွေများလိုက်တာ!! နှိပ်မှာသာနှိပ် လျှာမရှည်နဲ့ ငါနားငြီးတယ်"
အဖေအရင်းက သားအဖြစ်အသိအမှတ်မပြုလို့ ပထွေးဆီကနေ ဖခင်မေတ္တာလိုချင်ခဲ့ပေမယ့် တစ်ခါမှမရခဲ့သူ Jimin လေးဟာ ၀မ်းနည်းစိတ်တွေအပြည့်နဲ့ နှိပ်နေရင်း မျက်၀န်းမှာလည်း မျက်ရည်စလေးတွေက ရစ်သိုင်းလျက်
"ကိုကို ပြန်ရောက်နေပြီလား ညီမလေးလေးအတွက်ဘာ၀ယ်ခဲ့လဲ"
"ပါတာပေါ့ ညီမလေး ကြိုက်တဲ့ Lollipop တွေ၀ယ်လာခဲ့တယ် ကိုကို့စားပွဲပေါ်မှာ သွားယူလိုက်နော်"
"အဲ့ဒါကြောင့် ကိုကို့ကို ချစ်နေရတာ"
"အမယ်..ဒါမျိုးဆို Park So Yoon တို့က တအားတတ်
နင်တို့ မောင်နှမတွေပဲ ချစ်ကြပါအေ ဒီအမေကိုမေ့ကြ""အမေကလည်း မီးငယ်က အမေ့ကိုလည်းချစ်ပါတယ်"
"ကဲ ရေမိုးချိုးတော့ ဟိုအမူးသမားလည်း အိပ်ပျော်သွားပြီ"
YOU ARE READING
မောင့် လမင်းငယ်🌙
Non-Fictionကံကြမ္မာကသိပ်ရက်စက်စွာ ရှင်ကွဲပဲ ခွဲခွဲ သေကွဲပဲခွဲခွဲ မမေ့မလျော့ပဲ ဒီတစ်ယောက်တည်းကို ချစ်နေဦးမယ်ဆိုတာ မင်းကိုပြောပြချင်လိုက်တာ မောင့်ရင်ထဲက မောင့်လမင်းငယ်ရယ်🌙