တူ...တူ...တူ "Hello CEO! ကျွန်တော်ဒီနေ့အလုပ်မလာတာဖျားနေလို့ပါ ဟိုလေ ဖုန်း....ဆက်...."
"သိပြီ...ခုရောသက်သာရဲ့လား?"
"ဟုတ်..သက်သာလာပါပြီ"
"ဘယ်သူနဲ့ပြောနေလို့ ဒီအချိန်မှ ဖုန်းဆက်ဖို့ သတိရတာလဲ"
"စောနက company ကအသိတစ်ယောက် သတင်းလှမ်းမေးနေလို့ ပြောနေတာကြောင့်ရယ်ပါ"
"ယောက်ျားလေးလား? မိန်းကလေးလား?"
"အဲ့တာတော့ ဘယ်သိမလဲ"(ပေါက်ပေါက်ရှာရှာတွေလာမေးနေတယ်)
"ပြောတော့ company ကဆို သတင်းလှမ်းမေးတဲ့သူကဘယ်သူမှန်းတောင်မသိဘူးလား ပြီးတော့ မသိတဲ့လူကို စကားပြန်ပြောတာပဲလား?"
"အာ!! CEO နေကောင်းမှပဲရစ်နော် အခုတော့ အေးဆေးနေပါရစေ ကျွန်တော်ခေါင်းကိုက်လို့"
Jeon လည်းဖုန်းပြောရင်း ခိုးရယ်လိုက် ပြန်တည်ပြီးပြောလိုက်နဲ့ "အင်း...မနက်ဖြန် အလုပ်လာရမယ်နော် မလာလို့မရဘူး ရှန်ဟိုင်းက ပါတနာနဲ့ချိန်းထားသေးတာမို့"
"ဟင်! မနက်ဖြန်လား"
"ဘာမှမခိုင်းပါဘူး ပူမနေနဲ့ အဖော်လိုက်ရုံ အကြံပေးရုံပဲ
ဒါပဲ နားတော့ ဆေးလည်းသောက်အုံး see you""လုပ်ပြန်ပြီ ဆက်တောင်မငြင်းလိုက်ရဘူး
ပြောချင်ရာပြောပြီးတယ်ဆိုတန်းချ
တကယ်မလွယ်ဘူး ဒီ CEO အဆိုးလေးနဲ့
အဲ့ see you ဆိုတာကြီးကပြောပြန်ပြီ ဘာမှန်းကိုမသိဘူး"Jimin လည်း ဖုန်းချသွားတာနဲ့ ဆန်ပြုတ်လေးသောက်ကာ ဆေးသောက် အနားယူလိုက်တော့သည်။
Companyထဲ၀င်လာသည်နှင့် ၀န်ထမ်းများက"မင်္ဂလာပါ CEO"ဆိုပြီး ဦးညွှတ်နှုတ်ဆက်ကြတော့သည်။ Jeon လည်း ခေါင်းလေးညှိမ့်ပြကာ ရုံးခန်းကိုသွားရန် Lift ဆီအလျင်စလိုသွားကာ level 21 ကိုနှိပ်လိုက်တဲ့အချိန်
"CEO...ဒါက အချိန်ဇယားပါ
location က ဒီနေရာမှာပါ""အဲ့တာနောက်မှပြောလို့မရဘူးလား ဖယ်...မလိုက်နဲ့တော့"
"ဟုတ်..ဟုတ်ကဲ့"
မန်နေဂျာလည်း ခေါင်းတကုတ်ကုတ်နဲ့
Lift ထဲမှပြန်ထွက်သွားတော့သည်။
YOU ARE READING
မောင့် လမင်းငယ်🌙
No Ficciónကံကြမ္မာကသိပ်ရက်စက်စွာ ရှင်ကွဲပဲ ခွဲခွဲ သေကွဲပဲခွဲခွဲ မမေ့မလျော့ပဲ ဒီတစ်ယောက်တည်းကို ချစ်နေဦးမယ်ဆိုတာ မင်းကိုပြောပြချင်လိုက်တာ မောင့်ရင်ထဲက မောင့်လမင်းငယ်ရယ်🌙