မနက်ခင်းနေရောင်ခြည်စူးစူးလေးက အဖြူရောင်အိပ်ရာပေါ်လေးတွင် ပွစိလန်ခတ်အောင်အိပ်ပျော်နေတဲ့ ဖြူလွှလွှမျက်နှာနုနုလေးထံသို့ ကျရောက်လာ၏။"ဟာ..ကျစ်! ပူလိုက်တာ"
အရမ်းအိပ်ချင်နေပါသော်လဲ အပူဒဏ်ကိုမခံနိုင်တော့တာကြောင့် Seok Jin အိပ်ရာထဲမှငေါက်ခနဲထထိုင်လိုက်သည်။
ထထိုင်လိုက်သည်နှင့် မျက်နှာလှလှလေးကချက်ချင်းပင်ရှုံ့မဲ့စွာ။
ခေါင်းတစ်ခုလုံးဟာ တူနဲ့ရိုက်ခံထားရသလို နာကျင်မှုကအတိုင်းသား။
ညကသူဘယ်လောက်တောင်မှသောက်ခဲ့တာပါလိမ့်?
အိမ်ကိုရောဘယ်လိုပြန်ရောက်ခဲ့တာလဲ?အညိုရောင်ဆံနွယ်များကို လက်ဖြင့် ထိုးဖွလိုက်ပြီး ရေချိုးခန်းသို့ ဦးတည်လာခဲ့သည်။
မှန်ရှေ့တွင် သွားတိုက်နေရင်း ညကသူဘယ်လို ပြန်ရောက်ခဲ့တယ်ဆိုတာတွေးနေသော်လဲ လုံးဝပင်မမှတ်မိတော့။
မျက်ခုံးတန်းနှစ်ခုကိုတွန့်ကျိုးကာ အသည်းအသန်စဥ်းစားနေရင်း ခေါင်းထဲဝင်လာတဲ့ အရာတစ်ခုက တိုက်လက်စသွားတိုက်တံလေးပါလွတ်ကျသွားရသည်အထိ။
ဘုရားရေ။ သူJeon JungKookကိုနမ်းခဲ့တာလား။သူကလေ။ဝိုးတဝါးမှတ်ဥာဏ်အပိုင်းအစကြောင့် ခေါင်းကိုအသွင်သွင်ခါလိုက်ရင်း...
"မဖြစ်နိုင်လောက်ပါဘူး"
Seok Jin အတွေးများကိုဖျောက်ဖျက်ကာ ရေချိုးလိုက်သည်။
ဟုတ်တယ်လေ ဖြစ်မှမဖြစ်နိုင်တာ။
မဖြစ်နိုင်တာကို ဘာလို့တွေးနေရမှာလဲ။
အဲ့ဘဝင်မြင့်ကောင်ကို သူကနမ်းဖို့ဆိုတာ လုံးဝလုံးဝမဖြစ်နိုင်ဘူး။ရေချိုးပြီးနောက်မှာ အဖြူရောင်shirtလက်ရှည်လေးတစ်ထည်ကိုကောက်ဝတ်လိုက်ပြီး နီရဲရဲဆွယ်တာလေးထပ်ဝတ်လိုက်ကာ စတိုင်ပန့်အဖြူလေးနဲ့ပါတွဲဖက်ဝတ်ဆင်လိုက်တဲ့အချိန်မှာ စတော်ဘယ်ရီကိတ်မုန့်လုံးလေးအလား။
အညိုရောင်ဆံပင်လုံးလုံးလေးကိုတော့ ထုံးစံအတိုင်းခပ်အုပ်အုပ်လေးသာချထားလိုက်သည်။
မျက်မှန်အဝိုင်းလေးကိုပါတပ်လိုက်တော့ ပို၍ပင်ပြီးပြည့်စုံသွားသလို။
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။