Part-17

929 145 14
                                    


"ခွီး..ဘေဘီတဲ့..
ကျက်သီးတွေတောင်ထတယ်ကိုကိုရာ"

မနက်စာစားနေချိန်၌ အချိန်ကိုက်ရောက်လာတဲ့သူကြောင့် JungKookခပ်တင်းတင်းကြည့်ပေးလိုက်သည်။

"သူလား..ကိုကိုပြောတဲ့သူက..
အင်း.. ချစ်စရာလေးပဲ..
ကိုကိုမပြောနဲ့ကျွန်တော်တောင်ချစ်ချင်.."

"ချွဲယောန်ဂျွန်း!"

"ဗျာ"

"မင်းပါးစပ်ကိုပိတ်မှာလား ကိုယ့်ဘာသာပဲကျောင်းသွားမလား"

"ရတယ်လေ ကျွန်တော်သာကိုယ့်ဘာသာသွားရင်
ကိုကို့ရဲ့ယာယီစီမံကိန်းကြီးသေချာပေါက်ပျက်စီးသွားမှာပေါ့..
ပြီးတော့ ကျွန်တော်ကလည်း အစ်ကိုဆော့ဂျင်ကို ကျွန်တော်ကကိုကို့ရဲ့ညီတစ်ဝမ်းကွဲပါလို့သွားပြောမှာ"

"မင်း.."

"ဘာလဲ ဘာလဲ "

"မင်း.. ငါ့ကိုကူညီပေး"

"ဘာကူညီရမှာလဲ"

"မနေ့ကလို ဂင်မ်ဆော့ဂျင်ရှေ့ဆိုရင် မင်းကငါ့ချစ်သူအဖြစ်ဟန်ဆောင်ပေးရမယ်"

Yeonjunကထူးဆန်းသလိုဖြင့် JungKookကိုကြည့်လိုက်တော့ မျက်လုံးဝိုင်းဝိုင်းတွေကဂနာမငြိမ်ဖြစ်​နေကာ ရှေ့ကကော်ဖီခွက်ကိုယူသောက်လိုက်သည်။

"ဂျွန်ဂျောင်ဂုမှဟုတ်သေးရဲ့လား"

"ဘာကိုလဲ"

"ကျွန်တော်သိတဲ့ ကိုကိုက ဒီလိုပုံစံမဟုတ်ဘူးလေ..
အခုကိုကို့,ကိုကြည့်ရတာ အချစ်မှာအရမ်းနှစ်မြောနေသလိုပဲ"

"..."

"အရမ်းချစ်လွန်းရင် အရမ်းလဲနာကျင်ရတတ််တယ်နော်"

"ငါတောင်မခံစားဖူးတာ မင်းကဘယ်လိုလုပ်သိလဲ"

"ဒါကတော့ ကျွန်တော်က ကိုကို့လိုရေခဲတုန်းကြီးမှမဟုတ်တာ..
ကျွန်တော့်မှာရည်းစားတွေဆိုတာများ လက်ချိုးရေလို့တောင်မရဘူး"

"အတတ်ကောင်းတွေတတ်နေတယ်ပေါ့ဟုတ်လား"

"ဒါက.. ဆေးဖြစ်ဝါးဖြစ်ပါ"

JungKookက Yeonjunကိုကြည့်နေရာမှ စိတ်မရှည်သလိုဖြင့် ကော်ဖီခွက်ကိုဆောင့်ချကာ..

Why Don't WE?✔Where stories live. Discover now