Part-42

836 171 20
                                    

"ဂျွန်ဂျောင်ဂုရှီးလ်.. အသင် ဒီအမျိုးသားကို သစ္စာရှိပြီး ချစ်မြတ်နိုးပေးမှာပါလား..
ကျန်းမာရေးကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ စောင့်ရှောက်ပေးမှာပါလား"

"ဟုတ်ကဲ့..ကျွန်တော် စောင့်ရှောက်ပေးပါမယ်"

"ဂင်မ်ဆော့ဂျင်ရှီးလ်..အသင် ဒီအမျိုးသားကို သစ္စာရှိပြီး ချစ်မြတ်နိုးပေးမှာပါလား..
ကျန်းမာရေးကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ စောင့်ရှောက်ပေးမှာပါလား"

"ကျွန်တော် စောင့်ရှောက်ပေးပါမယ်.."

"တောင်ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့တော်က အကျွန်ုပ်ကိုအပ်နှင်းထားတဲ့အာဏာအရ အသင်တို့နှစ်ယောက်အား အကြင်လင်မယားအဖြစ်ကြေငြာလိုက်ပါပြီ..
သတို့သားနှစ်ယောက် နမ်းလို့ရပါပြီ"

ဖာသာကြီးရဲ့စကားအဆုံးမှာ Seok Jinရဲ့မျက်တောင်ဖျားလေးတွေက အနည်းငယ်လှုပ်ခတ်သွားပြီး သူ့ရှေ့ကအမျိုးသားအား မျက်လုံးလေးလှန်ကာ မဝံ့မရဲကြည့်လိုက်၏။
ထိုသူက သူတစ်ကြိမ်တစ်ခါမှမမြင်ဖူးခဲ့သောမျက်ဝန်းတွေနှင့် သူ့အား မြတ်မြတ်နိုးနိုးစိုက်ကြည့်နေတာကြောင့် နားရွက်ဖျားလေးတွေကစတင်နီရဲလာသည်။

တစ်ဖန်.. JungKookရဲ့မျက်နှာက သူ့မျက်နှာနားတစ်ဖြည်းဖြည်းတိုးကပ်လာလေတော့ ရင်ဘတ်ထဲကတစ်စုံတစ်ခုဟာ ရုတ်တရက် စဖောက်တော့သည်။
ခုနေများအဲ့ကောင်က ဒီအထဲကနေ ဖောက်ထွက်လာတော့မည်လားလို့ ထင်မှတ်ရလောက်အောင်ထိ မတရားရင်တွေခုန်နေတာမို့ အသက်တောင်ဖြောင့်ဖြောင့်မရှူရဲ။
တစ်ခါမှမဖြစ်ဖူးတဲ့ အပျိုဖြန်းလေးလိုရှက်သွေးကြွယ်နေတဲ့ ကိုယ့်ကိုကိုယ်သာ ပါးချည်းထဲပိတ်ရိုက်ချင်လိုက်တော့သည်။
အေး အဲ့မှာရှက်နေလိုက်။

နှုတ်ခမ်းနှစ်စုံ ပူးကပ်သွားသည့် အချိန်တွင်တော့ ဆူညံလှတဲ့လက်ခုပ်သံတဖြောင်းဖြောင်းတို့နှင့်အတူ မီဒီယာသမားတွေကလည်း အမိအရပုံရိုက်ယူကြတော့၏။
နိုင်ငံရဲ့အချမ်းသာဆုံးနှင့်နာမည်အကြီးဆုံးစီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသည့်အပြင်  အချောဆုံးနှင့်အလှဆုံးသူများလည်း ဖြစ်ကြတာကြောင့် နောက်တစ်နေ့မနက်တွင်တော့ ဒီမင်္ဂလာသတင်းသည် သတင်းမီဒီယာတွေမှာအပြင် ဆိုရှယ်မှာပါတစီစီတက်နေတော့မည်မှာ ကျိန်းသေမလွဲပင်။

Why Don't WE?✔Where stories live. Discover now