"ကိုယ်သေမလိုဖြစ်ခဲ့တယ်"
"..."
"အဲဒီနေ့ညက မင်းကိုနောက်ဆုံးတွေ့မြင်လိုက်ရတာလို့ ကိုယ်ထင်မှတ်နေခဲ့တာ"
"..."
Seok Jinဘာတစ်ခွန်းမှမပြောပဲ မျက်စိရှေ့ကTaehyungကိုသာ ထွေထွေလေးငေးကြည့်နေဆဲ။
မျက်လုံးအိမ်၌ မျက်ရည်များက ငွေ့ရည်ဖွဲ့နေလျက်။
အခုချိန်ထိ ဒါဟာသူ့အတွက်အိပ်မက်တစ်ခုလို ခံစားမိနေတုန်းပင်။"ဘာတွေဖြစ်ခဲ့တာလဲဟင်..ကျွန်တော်တကယ် လိုက်လို့မမှီနိုင်တော့ဘူး.."
ဖျော့တော့စွာနှင့်ဆိုလေတော့ Taehyungက သူ့အား လေးလေးနက်နက်ကြည့်လာကာ..
"အဲဒီညက ကိုယ့်လိုပဲ အက်ဆီးဒင့်ဖြစ်တဲ့လူတစ်ယောက်ရှိခဲ့တယ်"
"ဆေးရုံကိုရောက်တော့ ကိုယ့်နှလုံးအခြေအနေက တော်တော်လေးကို ဆိုးရွားနေခဲ့ပြီး ကိုယ့်အတွက် အချိန်က နာရီဝက်ပဲကျန်ခဲ့တယ်..
အဲဒီလူအတွက်ကတော့... အင်း..ဆယ်မိနစ်""သေချိန်မတန်သေးလို့များလား...
ကံကောင်းစွာနဲ့ ကိုယ့်အတွက်နှလုံးအလှူရှင်ကိုတွေ့ခဲ့တယ်""..."
"အဲဒီလူက ကိုယ်နဲ့ ဆဲလ်တစ်သျှူးအမျိုးအစားချင်းကအစ အကုန်ဆင်တူနေခဲ့ပြီး သူကိုယ်တိုင်က ကိုယ့်အတွက်လိုလိုလားလားနဲ့ သူ့နှလုံးကိုပေးသွားခဲ့တာ"
"..."
"ဒါပေမယ့် အဲဒီလူက ကိုယ့်ကိုကတိတော့တစ်ခုတောင်းခံခဲ့တယ်"
"ဘာကတိများလဲ"
"သူ့အမေရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အစားကိုယ့်ကိုရှိနေပေးပါဆိုပြီး.."
"ရှိနေပေးခဲ့လား"
မေးလိုက်တော့ Taehyungရဲ့မျက်နှာလှလှလေးဟာ မသိမသာလေးညိုးကျသွားသည်။
"ဟင့်အင်း..နှလုံးအစားထိုးကုသနိုင်ခဲ့ပေမယ့် ကိုယ်တစ်နှစ်ကျော်လောက်ထိ ကိုမာဝင်နေခဲ့တာ"
"ဒါပေမယ့် သူမရဲ့နောက်ဆုံးခရီးကို အဖြောင့်ဖြူးဆုံးဖြစ်အောင်တော့ ဂျီမင်းကလုပ်ပေးခဲ့ပါတယ်"
Taehyungကတော့ ပေါ့ပေါ့ပါးပါးပြောလိုက်ပေမယ့် Seok Jinရဲ့နှလုံးသားတစ်ခုလုံး မွန်းကြပ်လေးလံသွားသည်။
မျက်လုံးတွေထဲ မျက်ရည်ကြည်လေးတွေက ဝေ့တက်လာသည်။
ထိုအမျိုးသားအပေါ် အားနာသည့်စိတ်က ထပ်ပြီးရင်းထပ်နေတော့သည်။
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။