'အရှင်...ကျွန်တော့်အတွက်ချီးမြှောက်မှုတွေမလိုပါဘူး ဒီတိုင်းအရှင့်ရဲ့ဘေးနားမှာပဲနေချင်ပါတယ်''ချီဆောင်ဒန်ပဲ'
'ချီဆောင်ဒန်?'
'ဒါက ဒီနန်းဆောင်ကို ကိုယ်ပေးထားတဲ့နာမည်ပဲ..
ဂျွန်ဂျောင်ဂု..ဒီနေရာကမင်းတစ်ယောက်ထဲအတွက်ပဲ'"အား!!"
အိမ်မက်ထဲမှအကြောင်းအရာတွေကြောင့်JungKook ဇောချွေးများပြန်ကာ လန့်နိုးလာခဲ့သည်။
ဘယ်သူဘယ်ဝါမှန်းကွဲကွဲပြားပြားမသိရတဲ့ အိမ်မက်တွေကို သူ့အသက်18နှစ်လောက်ထဲကမက်နေခဲ့၏။
ညတိုင်းထိုအိမ်မက်ထဲကအကြောင်းအရာတွေက ယခုအချိန်ထိ သူ့ကိုခြောက်လန့်နေဆဲ။
အိမ်မက်ကနေနိုးထလာတိုင်း နာကျင်ရလွန်းသည့်နှလုံးသားကြောင့်လဲ သူတကယ်ပင်ပန်းနေပြီ။ဖြစ်နိုင်ရင် အသက်ပါသေချင်မိသည်အထိ။"တော်ပါတော့!! ဒီလောက်နဲ့ပဲရပ်တန့်ပေးပါတော့.. ကျွန်တော်တကယ်တောင်းပန်ပါတယ်"
နားနှစ်ဖက်ပိတ်ကာ အသိစိတ်မဲ့နေတဲ့လူတစ်ယောက်လို အခန်းငယ်ထဲ အော်ဟစ်ငိုယိုနေသည့်JungKook။
တုန်တုန်ရီရီဖြင့် ခုတင်ပေါ်မှဆင်း၍ အံဆွဲထဲရှိ အိပ်ဆေးဘူးကိုထုတ်ကာ အမြန်ပင် သောက်လိုက်၏။
ထို့နောက် အိပ်ရာထက်သို့ပြန်တက်လာကာ မျက်လုံးတွေကိုမှိတ်ချလိုက်သည်။ဘယ်တော့များမှ ဒီအိမ်မက်ဆိုးတွေက လွတ်မြောက်နိုင်မှာလဲ။
~ ~ ~ ~
Seok Jinတို့ အားကစားခန်းမထဲရှိ Basketballကစားသည့် နေရာသို့ ရောက်ရှိနေကြခြင်း။
Seok Jinရဲ့အကြိုက်ဆုံးအားကစားမှာ Basket Ballဖြစ်သည့်အပြင် သူဟာ အားကစားclassဘက်သို့ တော်တော်နှင့်မရောက်ဖြစ်တာမို့ ယခုလိုလာခဲ့ခြင်းသာ။ကစားမည့်နေရာသို့ ရောက်သည်နှင့် Seok Jin ကွင်းထဲက ကစားနေသူများကို တစ်ချက်အရင်အကဲခတ်လိုက်၏။
အကဲခတ်နေရင်း.. သူ၏မြင်ကွင်းထဲ ကွက်ကွက်ကွင်းကွင်းဝင်လာတာ ဟိုအနီနဲ့ကောင်။ဘယ်လိုရေစက်ပါလိမ့်။ ဒီဘဝင်ရူးနဲ့မှ တည့်တည့်တိုးရတယ်လို့။
YOU ARE READING
Why Don't WE?✔
Fantasía#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။