"Voo ကျွန်တော်တို့ဘယ်ကိုသွားနေကြတာလဲ"
"တစ်နေရာရာကိုပေါ့"
Taehyungရဲ့မျက်နှာက ပုံမှန်ထက်တည်တင်းနေတာမို့ Seok Jinဘေးကနေအကဲခတ်နေမိသည်။
ဒေါသထွက်နေတဲ့မျက်နှာမျိုးမဟုတ်သလို ပျော်ရွှင်နေတဲ့မျက်နှာမျိုးလဲမဟုတ်သဖြင့် စိုးရိမ်စိတ်လေးတော့ဝင်မိသည်။တကယ်ပဲ Taehyungရဲ့မျက်နှာအမူအယာတွေဟာ မျက်နှာရိပ်မျက်နှာကဲခတ်တဲ့နေရာမှာတော်တဲ့သူကိုယ်တိုင်တောင် မခန့်မှန်းတတ်တော့ပါ။
သိပ်လှပတဲ့ မျက်ဝန်းလဲ့လဲ့လေးတွေကတော့ သိသိသာသာကိုမှေးမှိန်နေတာကိုတော့ သူသတိထားမိ၏။ရသမျှဘုရားစာတွေပါရွတ်ပြီး ဘာအနှောင့်အယှက်မှမရှိအောင် အန္တရာယ်ကင်းစေရန် မေတ္တာပို့သနေရတော့သည်။
တောင်ကုန်းတစ်ခုပေါ်ရောက်သည်နှင့် ကားကိုထိုးရပ်လိုက်တာကြောင့် Seok Jinငေးကြည့်နေတုန်း Taehyungက သူ့ကိုကားတံခါးကိုဖွင့်ပေးလာမှ ယောင်ယောင်နနဖြင့်ဆင်းခဲ့လိုက်သည်။
ဆင်းလိုက်ချင်း တွေ့မြင်လိုက်ရတဲ့အရာကြောင့် သူ့မျက်လုံးတွေအားသူမယုံနိုင်။
"ဝါး.. လှလိုက်တာ"
မျက်လုံးတွေကို လက်ခုံဖြင့်ပွတ်သပ်နေတော့ သူ့လက်ကောက်ဝတ်ကိုလာရောက်ဆုပ်ကိုင်လာတဲ့ လက်ချောင်းသွယ်သွယ်လေးများ။
"မျက်လုံးကိုအရမ်းမပွတ်ရဘူး"
သူငေးကြည့်နေတော့ Taehyungက သူ့အားနှစ်လိုဖွယ်ပြုံးပြလာကာ...
"အစကတော့ ဖြည်းဖြည်းချင်းအချိန်ယူပြီးမှသွားမလို့စဥ်းစားထားတာပဲ..
အခုတော့ ထပ်ပြီးမစောင့်နိုင်တော့ဘူး""ဘာကိုလဲဟင်"
Taehyungက မျက်စိရှေ့မှာရှိတဲ့ များပြားကျယ်ဝန်းကာလှပလွန်းသော Dandelionပန်းခင်းကြီးကိုငေးကြည့်နေ၏။
အညိုရောင်suitအပြည့်ဖြင့်ထိုသူဟာ အဘယ်ကြောင့်ဒီလောက်တောင်ချောမောခန့်ညားလိုက်ရတာပါလဲ။
ယောက်ျားလေးအချင်းချင်းတောင်ငေးယူရတဲ့အဖြစ်ကိုပိုင်ဆိုင်ထားတဲ့အပြင် ယောက်ျားမိန်းမမရွေးပိုင်ဆိုင်ချင်ကြလွန်းလှတဲ့ဒီလူကို သူတကယ်အားကျမိသည်။
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။