Part-19

953 169 34
                                    

JungKookက သူ့လက်ကိုအတင်းဆွဲခေါ်ပြီး ကွန်ဒိုထဲသို့ဝင်လာခဲ့သည်။
တစ်ခါမှမရောက်ဖူးတဲ့နေရာမို့ Seok Jinကြောင်တောင်တောင်လေးဖြစ်ကာ အပြစ်လုပ်ထားတဲ့လူတစ်ယောက်လို ခေါင်းငုံ့နေမိ၏။

အနားကိုကပ်လာကာ သူ့ကိုသေချာစူးစိုက်ကြည့်နေတဲ့JungKookကြောင့် သူမဝံ့မရဲလေးမော့ကြည့်လိုက်သည်။
ခပ်ထူထူမျက်ခုံးတွေက အလိုမကျစွာတွန့်ကွေးသွားတိုင်း သူ့ခန္ဓာကိုယ်လေးကုပ်ဝင်သွား၏။

"ကျောင်းမလာတာလဲ 5ရက်ရှိပြီ..
ဒီကြားထဲမင်းဘာတွေလျှောက်လုပ်နေတာလဲ"

ပါးစောင်ကိုလျှာနှင့်ထိုးကာ သူ့ကိုစိုက်ကြည့်ပြီးပြောလာတဲ့JungKookကြောင့် Seok Jinကိုယ်လေးတုန်တက်သွားသည်။
JungKookရဲ့အကြည့်တွေဟာ စူးရှနေပြီး သူ့အားမျက်တောင်မခတ်တမ်းစိုက်ကြည့်နေတာပင်။

သူမဖြေချင်တာကြောင့် အမြန်ဆုံးစကားလမ်းကြောင်းလွဲလိုက်ကာ..

"ဟို..ကျေးဇူးပဲ"

"ဘာအတွက်လဲ"

"ခနက ငါ့ကိုကူညီပေးတဲ့အတွက်"

"မလိုဘူး.. အမြင်မတော်လို့ဝင်ကူညီပေးလိုက်ယုံပဲ"

အေးစက်စက်စကားတွေ​က သူ့နှလုံးသားကိုနာကျင်စေ၏။
အရယ်အပြုံးမရှိပဲ သူ့ကိုသာစိုက်ကြည့်နေတဲ့JungKookကို သူမဝံမရဲဖြင့်တစ်ဖန်မော့ကြည့်ပြန်ကာ..

"ငါ..ပြန်တော့မယ်"

"နေအုံး"

"ဟင်"

"မင်းလက်မှာဒဏ်ရာရနေတယ်
ဆေးထည့်ပြီးမှပြန်"

ပြောပြောဆိုဆိုဖြင့်JungKookက ဆေးသေတ္တာဘူးကိုသွားယူသည်။
ဧည့်ခန်းထဲပြန်လာတော့ ထိုနေရာ၌ပင် မလှုပ်မယှက်ငြိမ်သက်စွာရပ်နေတဲ့Seok Jinကြောင့် JungKookရဲ့မျက်ခုံးတွေက အနည်းငယ်တွန့်ကွေးသွားသည်။

"မထိုင်ပဲနဲ့ ဘာရပ်လုပ်နေတာလဲ"

JungKookဆီမှစကားတစ်ခွန်းထွက်လာတိုင်း အပြစ်လုပ်ထားတဲ့လူတစ်ယောက်နှယ် Seok Jinကိုယ်ခန္ဓာလေးကတုန်ယင်လာသည်။
ထိုသူကတစ်လှမ်းချင်းစီ သူ့ထံလျှောက်လာပြီး သူ့အနားတွင်လာထိုင်၏။

Why Don't WE?✔Where stories live. Discover now