"လုပ်ပါ ဂျီမင်းရာ..
ငါ့ကိုစိတ်ဆိုးပြေပါတော့ကွာ""..."
Jiminက ဘာတစ်ခွန်းမဆိုပဲ သူ့ကိုဆက်ပြီးသာလစ်လျူရှုနေ၏။
သူ့လုပ်ရက်ကလွန်မှန်းသိပေမယ့် အခုလဲသူပြန်တောင်းပန်နေပြီပဲ။
ဒါကိုJiminက ဘာအတွက်ကပ်သပ်ပြီး သူ့ကိုစိတ်ဆိုးနေသည်မသိ။ဒီလိုမျိုးချော့ရတာ မြှူရတာတွေက သူ့စတိုင်မဟုတ်တော့ တကယ်ပင်စိတ်အိုက်စရာ။
စိတ်မရှည်သူမို့ သူ့စိတ်တွေကိုအတတ်နိုင်ဆုံးလျှော့ချလိုက်ပြီး Jiminစိတ်ဆိုးပြေဖို့ရန်သာ အာရုံစိုက်လိုက်သည်။စိတ်သာဆိုးနေပေမယ့် Jiminက သူခေါ်တဲ့နေရာကိုတော့ရောက်အောင်လာသည်။
မလာလို့လဲမရဘူး။မနက်စောစောစီးစီး ကျောင်းမသွားခင် သူ ကော်ဖီဆိုင်ကို သွားပြီး
Jiminမလာမချင်း အဲဒီနေရာကနေတစ်လှမ်းမှမရွေ့ပဲဆက်ဆက်စောင့်နေမှာလို့ အကြပ်ကိုင်လိုက်တော့ မနေနိုင်သူကပဲ အလျှော့ပေးရပြန်သည်။ယခုSeok Jinတို့အဖြစ်က ကော်ဖီဆိုင်လေးထဲမှာ စိတ်ကောက်နေတဲ့ချစ်သူကို လိုက်ချော့နေတဲ့ချစ်သူကောင်လေးတစ်ယောက်နှယ်။
အနောက်က အထက်တန်းကျောင်းသူအုပ်စုကလဲ သူတို့ကိုကြည့်ပြီးပြုံးစိစိနဲ့။ဖြစ်ချင်တာဖြစ်ဆိုပြီး ရှေ့ကကောင်လေးကိုသာအာရုံစိုက်ထားလိုက်တော့သည်။
"ဂျီမင်း..အချစ်လေး.. မင်းငါ့ကိုအဲ့လိုပဲဆက်လစ်လျူရှုနေတော့မှာလား"
"..."
"ကောင်းပါပြီ
အဲဒါဆိုလဲ ငါပြန်တော့...""ဘယ်သူကပြန်ခိုင်းလို့လဲ"
Seok Jinကမျက်နှာငယ်လေးနှင့်ထပြန်ရန်လုပ်တော့ Jiminကသူ့လက်ကိုဆွဲကာ မျက်နှာထားတင်းတင်းနှင့်ပြောလာသည်။
သူ့အကွက်ထဲကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီမို့ Seok Jinပြုံးရယ်ချင်သည့်စိတ်ကိုအောင့်အီးကာ မူလမျက်နှာငယ်လေးဖြင့်..
"မင်းကငါ့ကိုဂရုမှမစိုက်တော့တာ"
"ပြောစမ်းပါအုံး..
ဘယ်သူကအရင်နှင်ထုတ်ခဲ့တာလဲဆိုတာ"
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။