Part-14

1.7K 170 12
                                    

ခွမ်း!!

တဆတ်ဆတ်တုန်ရီလာတဲ့ခန္ဓာကိုယ်နှင့်အတူ လက်ထဲကပန်းကန်လုံးလေးလွတ်ကျသွားသည်နှင့် နန်းရင်ပြင်ပေါ်သို့အရုပ်ကြိုးပြတ်လှဲကျသွားတဲ့JungKookရဲ့ကိုယ်ငယ်လေး။

ပြင်းထန်လွန်းလှတဲ့အဆိပ်ရဲ့ဒဏ်တွေဟာ တရိပ်ရိပ်မြင့်လာပြီး သူ့နှလုံးသားကိုတစစီတိုက်ခြေဖျက်စားနေသည်ကြောင့် နာကျင်မှုကအတိုင်းအဆမဲ့စွာပင်။

"အ~ အဟွတ်..အဟွတ်.."

သူ့ရဲ့သေဆုံးခန်းကို မျက်စိအရသာခံကြည့်နေတဲ့အမတ်တွေအားလစ်လျူရှူလိုက်ပြီး တစ်ယောက်သောသူကိုသာစောင့်မျှော်နေမိသည်။
နောက်ဆုံးအချိန်ထိရောက်မလာခဲ့တဲ့ ထိုသူအားမျှော်လင့်ချက်သေးသေးလေးကိုဆုပ်ကိုင်လျက် စောင့်နေဆဲ။

နှလုံးသားတစ်ခုလုံး တိုက်ခြေဖျက်စားခံရကာ
သွေးတွေသည်အဆက်မပြတ်အန်ထွက်နေပေမယ့် သူသိပ်ချစ်ရတဲ့သူကတော့ အခုတိုင်ရောက်မလာခဲ့။

မျက်ဝန်းဝိုင်းဝိုင်းလေးတွေမှမျက်ရည်တွေသည်စီးဆင်းကျလာကာ နောင်တ,တရားတို့သာကြီးစိုးလာ၏။

အရှင်ဟာ အခုချိန်ထိသူ့ကိုဥပေက္ခာပြုနေတုန်း။
သိပ်ချစ်ပါတယ်လို့ မက်မောခဲ့ရတဲ့နှုတ်ခမ်းလှလှကနေ ထွက်ကျခဲ့တဲ့ သည်စကားလုံးတွေဟာ အတုအယောင်တွေများလားလို့သူသတ်မှတ်ပစ်ချင်မိသည်။

သူ့ဘဝရဲ့နောက်ဆုံးအချိန်ထိလေးတောင် ရောက်မလာပေးခဲ့တဲ့သူကို JungKookသိပ်စိတ်ဆိုးချင်ပါသည်။

မျက်လုံးဝိုင်းဝိုင်းလေးတွေထက် မျက်ရည်ခိုးငွေ့တွေဖြင့်ပြည့်နှက်နေကာ ဝိုးတဝါးမြင်လိုက်ရတဲ့မြင်ကွင်းလေးကြောင့် သူ့အာရုံတွေနိုးကြားသွားရသည်။

ရှင်ဘုရင်တစ်ပါးရဲ့အပြုအမူတွေကိုတောင် ဟန်မဆောင်နိုင်စွာပင် သူရှိရာသို့အပြေးလာနေတဲ့ ချစ်သောသူအား JungKookတွေ့လိုက်ရတာကြောင့်ခပ်ယဲ့ယဲ့​ပြုံးလိုက်သည်။

အရှင်သည် လှဲကျနေတဲ့သူ့ခန္ဓာကိုယ်လေးကို သိမ်းကြုံးပွေ့ယူ၍ရင်ခွင်ထဲနွေးထွေးစွာထွေးပွေ့ထားကာ မျက်ရည်များစွာစီးဆင်းကျလာတော့သည်။

Why Don't WE?✔Where stories live. Discover now