"တောက်!! ဘယ်နေရာမှကိုအဖြစ်မရှိကြဘူး!
ငါ့ကိုပဲအားကိုးနေရအောင် မင်းတို့ယူထားတဲ့ရာထူးတွေက ကုမ္ပဏီကအားယားနေလို့ပေးထားတာလား..
ဒီဦးနှောက်ကိုဘယ်ချောင်ထဲသွားထည့်ထားကြတာလဲ..ဟမ်!! မင်းတို့မှာစဉ်းစားတတ်တဲ့ဦးနှောက်မရှိဘူးလား..ဦးနှောက်!!"အစည်းအဝေးစစချင်းမှာပင် ကျယ်လောင်စွာ စူးခနဲထွက်ပေါ်လာသည့်အသံလေးမှာ မကျေနပ်မှုများစီးဆင်းနေလျက်။
meetingခန်းထဲ၌ ရောက်ရှိနေကြသည့်လူအများသည် ယင်းအခြေအနေကြောင့် အသက်တောင်ဖြောင့်ဖြောင့်မရှူရဲပဲ ရင်တထိပ်ထိပ်နှင့်အရိပ်အကဲကိုသာ စောင့်ကြည့်နေရသည်။မကြာသေးခင်ကမှ ကုမ္ပဏီကိုလက်လွဲတာဝန်ယူထားသည့် CEO Kim Seok Jinသည် အလုပ်နှင့်ပက်သက်လာလျှင် အလွန်ပင်ဒေါသကြီးပြီး လောဘရှိသူလည်းဖြစ်၏။
ခပ်ထူထူမျက်ခုံးတွေကို ထိစပ်လုနီးပါးတွန့်ကျိုးထားပြီး သူတို့အားလုံးအားခါးထောက်၍စိုက်ကြည့်နေသည်မှာ အလိုမကျဖြစ်နေမှန်းသိသာစွာ။နဖူးပေါ်မှသေသပ်စွာ သပ်တင်ထားတဲ့ခရမ်းနုရောင်ဆံစတွေကို လက်တစ်ဖက်ဖြင့်တစ်ချက်သပ်တင်လိုက်ရင်း...
"တစ်ပတ်အတွင်းဒီအခြေအနေတွေကိုပြန်ပြင်ထား!
တစ်ပတ်ပြည့်လို့မှ ဒီCaseကိုမဖြေရှင်းနိုင်ရင် ခင်ဗျားတို့အကုန်လုံးကိုအလုပ်ထုတ်ပစ်မယ်!!"ဘုန်း!!
လက်ထဲကFileတစ်ချို့ကို စားပွဲပေါ်၌အသံမြည်အောင်ပစ်ချပြီး meetingခန်းထဲမှ ခြေလှမ်းကျဲတွေနဲ့ထွက်လာခဲ့တဲ့Seok Jin။
တိတ်ဆိတ်နေသည့်လေထုသည် ထိုအခါမှ အသက်ဝင်လာသလို အခန်းထဲလှုပ်လှုပ်ရှားရှားဖြစ်လာကြတဲ့ ရှယ်ယာရှင်များသည် အသက်ဝဝရှူနိုင်တော့သည်။
Seok Jinပစ်ချထားခဲ့တဲ့Fileတွေကို လိုက်သိမ်းနေတဲ့ Beomgyuအား အားကိုးတကြီးလှမ်းကြည့်ကာ..."အတွင်းရေးမှူးချွဲ...
ဒီပုံစံအတိုင်းဆိုရင် CEOက ကျွန်တော်တို့ကိုအလုပ်ထုတ်တော့မယ်ထင်တယ်"Beomgyuကပြုံးလိုက်ပြီး..
"အရမ်းကြီးမစိုးရိမ်ကြပါနဲ့...
Bossက သူဒေါသထွက်နေတဲ့အချိန်မို့လို့အခုလိုပြောသွားတာပါ..
အားလုံးပဲ Fighting"
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။