ဝတ်ထားတဲ့အဖြူရောင်အင်္ကျီလေးမှာသွေးစတွေသည်အနှံ့အပြားပေကျံနေပြီး အိမ်ထဲသို့တွေတွေကြီးဝင်လာတဲ့Seok Jinကြောင့် မာမီကအလန့်တကြားဖြင့်သူ့အနားရောက်လာသည်။"သား!! ဆော့လေး..ဘာဖြစ်လာတာလဲ..
ဟင်..မင်း..ဒါသွေးတွေမဟုတ်လား..""..."
"သား..မာမီ့ကိုပြောစမ်း..
မင်းဘာတွေဖြစ်ခဲ့တာလဲ.. ထယ်ယောင်းဂီးနဲ့သွားတွေ့လာတာမဟုတ်ဘူးလား""..."
"ဂင်မ်ဆော့ဂျင်!! မာမီမေးနေတယ်လေ!!"
စိတ်နဲ့လူနဲ့မကပ်သလို မျက်ဝန်းတွေသည်ခံစားချက်တွေကင်းမဲ့နေပြီး သူမမေးတဲ့မေးခွန်းတွေကိုမဖြေတာကြောင့်စိုးရိမ်စိတ်တွေကတစစမြင့်တက်လာသည်။
သူမသားကိုယခုလိုပုံစံမျိုးနဲ့တစ်ခါမှမြင်ဖူးခဲ့တာမဟုတ်။
အမြဲတမ်းသွက်သွက်လက်လက်နေတတ်တဲ့ကလေးက ဒီလိုမျိုးရုတ်တရက်ကြီးဆိတ်ငြိမ်သွားတော့ သူမရင်ထဲပူလောင်လာရသည်။"ပြီး..သွား..ပြီ..
အရာအားလုံးက..ပြီး..ဆုံး..သွား..ပြီ"စကားတစ်ခွန်းချင်းစီတိုင်းကို လေးလေးပင်ပင်ပြောနေတဲ့သူ့ကိုမာမီက ထူးဆန်းစွာကြည့်နေသလို
ဧည့်ခန်းထဲ TVထိုင်ကြည့်နေတဲ့ဒယ်ဒီက TVမှတက်လာတဲ့သတင်းကြောင့် များစွာအံ့သြသွား၏။"ဂင်မ်ထယ်ယောင်းဆုံးပြီ.."
"ဘယ်လို!!"
အလွန်အမင်းငိုထားရတာကြောင့် ကျိန်းစပ်နီရဲနေတဲ့မျက်ဝန်းတွေဖြင့် TVရှိရာဘက် Seok Jinနာနာကျင်ကျင်လှည့်ကြည့်လိုက်သည်။
တောင်ကိုရီးယားရဲ့ ထိပ်တန်းစီးပွားလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး အနုပညာရှင်တွေထက်တောင်နာမည်ကြီးသူမို့ ချက်ချင်းသတင်းထဲပါလာတာတော့သိပ်အံ့သြစရာမရှိ။
ဒါပေမယ့် ဒီသတင်းကိုသူ့နားနဲ့ကြားရပြန်တော့ လူကတုန်ယင်လာသည်။
မာမီကတော့ ထင်တာထက်ပို၍အံ့သြသွားပုံရကာ ဘာစကားမှမပြောနိုင်ပဲစွံ့အနေသည်။ဒယ်ဒီကတော့ ပုံမှန်ထက်တည်တင်းနေတဲ့မျက်နှာဖြင့်သူရှိရာဘက်သို့လှည့်ကြည့်လာကာ..
"ဒီကိစ္စကိုငါ့ကိုပွင့်ပွင့်လင်းလင်းပြောစမ်းဆော့ဂျင်..
ထယ်ယောင်းသေဆုံးတဲ့အမှုမှာမင်းပါ ပါဝင်ပက်သက်နေတယ်မဟုတ်လား!"
YOU ARE READING
Why Don't WE?✔
Fantasía#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။