Part-39

967 186 28
                                    

"ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေကြောင့် Kim Groupရဲ့CEOကရာထူးကနေအနားယူတော့မှာဖြစ်တဲ့အတွက် လစ်လပ်နေမယ့်CEOရာထူးကိုအစားထိုးတာဝန်ယူသွားမယ့်သူကတော့ ကျွန်တော့်ရဲ့တစ်ဦးတည်းသောသား​ဖြစ်သူပါ..
လူကြီးမင်းတို့အနေနဲ့ ကျွန်တော့်ရဲ့သားကို အဖက်ဖက်ကနေ ကူညီပံ့ပိုးပေးကြလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့မျှော်လင့်မိပါတယ်"

အစည်းအဝေးခန်းထဲ၌ meetingထိုင်နေကြသော ရှယ်ယာရှင်များရဲ့ သိပ်အလိုမကျတဲ့မျက်နှာတွေကြောင့် ဒယ်ဒီက ပညာသားပါပါနဲ့တစ်ဖက်လှည့်ပြောလိုက်ခြင်းဖြစ်သည်။

စားပွဲရှည်ကြီးရဲ့ ညာဘက်ထိပ်ထောင့်မှာခြေချိတ်ထိုင်နေတဲ့ Seok Jinက ဤအနေအထားအား ဂရုမစိုက်သည့်ဟန်ဖြင့် ထရပ်လိုက်ကာ...

"Kim Seok Jinပါ..
ကျွန်တော်ကတော့ အပြောထက် လက်တွေ့နဲ့သက်သေပြရတာကို ပိုသဘောကျတဲ့သူမို့ ထွေထွေထူးထူးသိပ်မပြောတော့ဘူး..အဆင်ပြေတယ်ဟုတ်?"

"..."

ထိုအခါ ရှယ်ယာရှင်များရဲ့မျက်နှာထားတွေကအနည်းငယ်တည်တင်းသွားကြတာမို့ Seok Jin စိတ်ပျက်စွာကြည့်လိုက်သည်။
သူ့မျက်လုံးထဲမှာတော့ အကုန်လုံးဟာရေပေါ်ဆီတွေသာသာပင်။
ပါးစောင်ကိုလျှာနဲ့ထိုးရင်း မဲ့ပြုံး,ပြုံးလိုက်ကာ စားပွဲပေါ်၌လက်နှစ်ဖက်ကိုထောက်ချလိုက်သည်။

"အဟွန်း..ကျွန်တော့်လက်ထက်မှာတော့ ခင်ဗျားတို့ပိုပင်ပန်းရလိမ့်မယ်ထင်တယ်..
ကျွန်တော့်ရဲ့ခံယူချက်ကတော့ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံးပဲ...
ဒီကုမ္ပဏီမှာ လစာယူပြီး ယူတဲ့လစာနဲ့တန်အောင်တော့အလုပ်လုပ်ပေးရလိမ့်မယ်
ခင်ဗျားတို့ဘာပဲလုပ်လုပ် ကျွန်တော်က အကုန်စောင့်ကြည့်နေမှာဆိုတာကိုတော့ ခေါင်းထဲထည့်ထားလိုက်"

Meetingထိုင်နေကြတဲ့ လူအများသည်သိမ့်ခနဲဖြစ်သွားကြကာ ​အခန်းထဲ၌ အပ်ကျသံတောင်ကြားနိုင်လောက်သည့် အေးစက်တဲ့လေထုကကြီးစိုးလာ၏။

ဖခင်ဖြစ်သူရဲ့သွေးအပြည့်ပါသူမို့ နည်းနည်းလေးတောင်မှတုန်လှုပ်သွားခြင်းမရှိပဲ ပြောဆိုကိုင်တွယ်သွားပုံက ထက်မြက်မှုအရှိန်အဝါအပြည့်။
သေချာတာတစ်ခုကတော့ ဒီကောင်လေးသည် CEO Kimထက်ပင် ပို၍သွေးအေးပြီး ရက်စက်တတ်သူဖြစ်ကြောင်းကို ဤအခန်းထဲကလူအားလုံးရိပ်စားမိလိုက်ပြီဖြစ်သည်။

Why Don't WE?✔Where stories live. Discover now