နံနက်စောစောအိပ်ရာထလေ့ရှိတဲ့အမျိုးသားလေးသည် မနက်6နာရီရောက်ပြီဆိုတာနှင့် မျက်လုံးလေးတွေက ဖြည်းဖြည်းချင်းပွင့်ဟလာလေသည်။
ဤအကျင့်သည်LAမှာနေခဲ့တုန်းက အအိပ်မက်လွန်းတဲ့သူ့ကို Yoongiကအလေ့အကျင့်လုပ်ပေးခဲ့ခြင်းဖြစ်၏။Seok Jinတစ်ယောက် နှိုးလာသည်နှင့် ခန္ဓာကိုယ်ကိုလှုပ်ရှားမိတော့ ခံစားလိုက်ရသည်က ခါးအောက်ပိုင်းမှစူးစူးဝါးဝါးနာကျင်မှု။
တစ်ချက်လေးလှုပ်ရှားမိတိုင်း နာကျင်မှုကခန္ဓာကိုယ်တောက်လျှောက် စိမ့်တက်လာသည်မို့ မျက်နှာလေးက ရှုံ့မဲ့သွားသည်။ဘေးကအစာရေစာဝသွားတဲ့ ကျားသားရဲကြီးကတော့ မှောက်လျက်သား အိပ်မောကျနေလိုက်တာများ လှုပ်လှုပ်တောင်မလှုပ်။
ထို့ကြောင့် Seok Jin ဂျောင်ဂုအားမကျေမနပ်ကြည့်ကာ မျက်စောင်းထိုးပစ်လိုက်၏။တော်ပြီ တော်ပြီ။ နောက်တစ်ခါဆို ဘယ်တော့မှ အတူနေဖို့မပြောတော့ဘူး။
အစပိုင်းမှာတော့ ညင်သာသယောင်ရှိပေမယ့် အရှိန်ရလာသည်နှင့် မီးကုန်ရမ်းကုန်ကြမ်းရမ်းကာ လူကိုမစာမနာလုပ်သွားတဲ့ ခွေးကောင်ကြီး။ကိုယ်တိုင်တောင် ဘယ်အချိန်အိပ်မောကျသွားခဲ့မှန်းမသိပေမယ့် အခုသူနှိုးလာသည့်အချိန်တွင်တော့ JungKookက သူ့ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးထားပုံရပြီး အဝတ်အစားတွေပါလှဲပေးထား၏။
ပထမဆုံးအကြိမ်လဲမဟုတ်ပါနဲ့ ဘာလို့ဒီလောက်ထိတောင်မှနာတာလဲဆိုတာစဥ်းလို့မရ။
နောက်တစ်ကြိမ်ဆိုရင်တော့....။ အဲ..နောက်တစ်ကြိမ်ဆိုတာမျိုးလုံးဝမရှိစေရဘူး။ လုံးဝ..။
ချီးပဲ..ဒါကြီးကသေအောင်ကိုနာတာဟ။"အ့..ကျွတ် ကျွတ်"
အိပ်ရာနံဘေးမှစားပွဲပေါ်က ဖုန်းကိုလှမ်းယူလိုက်ရင်း နံပါတ်တစ်ခုကိုနှိပ်ရန်အလုပ်...
"အာ..ဒီတိုင်းကြီးဆို ငါ့ကိုပဲမယုံသင်္ကာဖြစ်ကြပြန်အုံးမှာ..
အိမ်ကလူတွေအကုန်လုံးက ဂျွန်ဂျောင်ဂုဘက်တော်သားတွေချည်းပဲ"လက်ထဲဖုန်းလေးကိုချလိုက်ရင်း စဥ်းစားလိုက်ပြန်သည်။
ဒီတိုင်းပြောရင်လည်း ယုံကြပြန်မှာမဟုတ်ဘူး။
ခံရသူကကိုယ်ဆိုပေမယ့် အကုန်လုံးကသူ့ထက်Jeon JungKookကိုပဲပိုသနားကြမှာကျိန်းသေပင်။
မသိရင် ကိုယ်ကလူယုတ်မာကြီးအတိုင်းပဲ။
မဖြစ်သေးဘူး။ ဘာလုပ်ရမလဲ။Kim Seok Jin။ စဥ်းစားစမ်း။
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။