မြင်ဖူးနေကြပုံစံထက် အသွင်သစ်တစ်မျိုးဖြစ်တဲ့ JungKookရဲ့အခုလိုပုံစံကြောင့် အကြည့်တွေကမလွဲနိုင်ခဲ့။
ပတ်တီးအဖွေးသားဖြစ်နေတဲ့လက်လေးတွေဆီကိုအကြည့်ရောက်သွားချိန်မှာတော့ သူ့ရင်ထဲနင့်ခနဲပင်အောင့်သက်သွားရသည်။သူJungKookအားတမေ့တမောငေးကြည့်နေသလို JungKookသည်လဲ သူ့ကိုအံ့သြနေတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးများဖြင့်ငေးကြည့်နေဆဲ။
မျက်နှာချောချောလေးဟာပင်ပန်းနွမ်းနယ်နေဟန်ပေါ်ပေမယ့် သူ့ကိုတော့ကြည်တောက်နေတဲ့မျက်လုံးလေးတွေဖြင့်ကြည့်နေ၏။သူ့ရင်တွင်းမှတင်းကြပ်နာကျင်မှုကြီးဟာ ထိုမျက်နှာလေးကိုမြင်လိုက်ရချိန်မှ ပြေလျော့သွားရသလို မျက်ဝန်းတို့မှမျက်ရည်စများသည် ကူကယ်ရာမဲ့စွာကျဆင်းလာတော့သည်။
"ဆော့ဂျင်..
မင်းဘယ်လိုလုပ်ပြီး ဒီကိုရောက်နေရတာလဲ"သူ့အမေးကိုSeok Jinကမဖြေပဲ သူ့အားဂရုဏာသက်စွာငေးကြည့်နေ၏။
ဤအခိုက်အတန့် JungKookခေါင်းထဲ၌မေးခွန်းများစွာထွက်ပေါ်လာတော့သည်။
ဘယ်လိုလုပ်ပြီးတော့များ Seok Jinက ဒီအိမ်ကိုရောက်နေရတာလဲ။
သူက Seok Jinကို အချိန်တန်မှသာ ဒီအိမ်ကိုခေါ်လာဖို့ဆုံးဖြတ်ထားခဲ့တာ။
ဒါပေမယ့် အခုကဘယ်လိုလုပ်ပြီးတော့များ...။"ဂျောင်ဂု"
"..."
"ငါ..ငါတောင်းပန်ပါတယ်ကွာ..
တောင်းပန်ပါတယ်
တောင်းပန်ပါတယ်"Seok Jinက တောင်းပန်စကားတွေကိုထပ်တလဲလဲပြောရင်းနှင့်သာ သူရှိရာသို့လျှောက်လှမ်းလာသည်။
သူသိတဲ့Seok Jinရဲ့ပုံစံနှင့်မတူညီပဲကွဲပြားစွာမြင်နေရတာကြောင့် JungKookအလွန်ပင်အံ့သြမိနေသည်။ခြေတစ်လှမ်းသာအကွာအဝေးလိုတော့တဲ့အချိန်မှာ မျက်နှာလှလှလေးပေါ်ကမျက်ရည်စတွေကိုမြင်လိုက်ရချိန် JungKookစိတ်တွေဟာတင်းကြပ်သွားရသည်။
အခု သူ,မသိစေချင်တဲ့ အတိတ်ကမကောင်းခဲ့တဲ့အကြောင်းအရာတွေကိုSeok Jinကသိသွားခဲ့ပြီလား။
ဒါဆို Seok Jinကသူ့ကိုအထင်သေးသွားခဲ့ပြီလား။
ဟင့်အင်း။ သူ့ကို ဒီလိုသနားတဲ့ ဂရုဏာသက်တဲ့အကြည့်တွေကိုသူမလိုချင်ဘူး။
ဒီလိုအကြည့်တွေကို သူအရမ်းမုန်းတယ်။
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။