Characters ဖြေရှင်းချက်❗❗
ကိုယ်က spoilပေးရတာကို လုံးဝလုံးဝသဘောမကျပါဘူး။
ဒါကြောင့် အရင်ficတွေရော ဒီficမှာပါ ဘယ်တုန်းကမှလဲ Introလုံးဝမရေးခဲ့ဘူး။
ဒါပေမယ့် အခုတော့ဖြေရှင်းဖို့လိုကိုလိုလာပြီ။
ပထမဆုံး ဒီficရဲ့MC တစ်နည်းအားဖြင့် Kim Seok Jinရဲ့စရိုက်နဲ့ပက်သက်ပြီးတော့ကိုပဲအဓိကထားပြောပြပါမယ်။အားလုံးသိကြတဲ့အတိုင်း ရှေ့အပိုင်းတွေမှာဖတ်ခဲ့သလို Kim Seok Jinရဲ့ဇာတ်ကောင်စရိုက်ကတော့ ဒီလိုပုံစံပါပဲ။
plotကိုစတွေးထဲကနဲ့ ဒီလိုvibeကိုသွားဖို့အတွက်ကိုဆုံးဖြတ်ထားခဲ့တာပါ။
အားလုံးကဒီficထဲက Kim Seok Jinကိုအားမလိုအားမရဖြစ်ကြတာကိုသိပါတယ်။
နားလည်းနားလည်ပါတယ်။ဒါပေမယ့် plotတစ်ခုလုံးကိုဘာမှရေရေရာရာမသိသေးပဲနဲ့ ကိုယ်တန်ဖိုးထားရတဲ့ဇာတ်ကောင်တွေကို မကောင်းမြင်နေတာမျိုးတော့ လုံးဝလက်သင့်မခံနိုင်ပါဘူး။
Bias sensitiveဖြစ်တဲ့လူတွေ ဒီficကိုလုံးဝမဖတ်ကြပါနဲ့လို့ပဲတောင်းဆိုချင်ပါတယ်။
ကိုယ်ကတော့ ficကို ဒီပုံစံအတိုင်းပဲဆက်သွားမှာမို့ပါ။Kim Seok Jinမပြတ်မသားဖြစ်နေရတဲ့အကြောင်းအရင်းကို ကိုယ်တဖြည်းဖြည်းနဲ့ရှင်းပြနေပါပြီ။ရှင်းလဲရှင်းပြခဲ့ပါပြီ။
ဒီနေ့upတဲ့အပိုင်းထဲမှာဆိုရင် အဲ့အကြောင်းတော်တော်လေးကိုပါတယ်။
သတိထားမိတဲ့သူတွေကတော့သတိထားမိမှာပဲ။
သူဘာကြောင့်ဒီလိုဖြစ်နေရတယ်ဆိုတာ ထက်ဝက်နီးပါးကိုယ်ရှင်းပြခဲ့ပြီးပါပြီ။
သူကိုယ်တိုင်တောင် နားမလည်နိုင်တော့အထိ သူ့ခံစားချက်တွေကဗြောင်းဆန်နေတာပါ။
သူ့နှလုံးသားက ဘယ်သူ့ကိုတကယ်ချစ်တယ် ဘယ်သူ့ကိုတကယ်မချစ်ဘူးဆိုတာ ဒီနေ့အပိုင်းမှာဆိုရင်တော်တော်လေးကိုသိသာနေပါပြီ။
ဒါကိုတောင်မှ နားမလည်နိုင်ကြသေးရင်တော့ ကိုယ်လဲဆက်ပြီးရှင်းမပြတတ်တော့ဘူး။အမှန်က ကိုယ်ကဒီficကိုစာဖတ်သူတွေနဲ့အတူဦးနှောက်ဆေးရင်း ပျော်ပျော်ပါးပါးသွားချင်ခဲ့တာ။
အခုတော့မျှော်လင့်သလိုတွေဖြစ်မလာတော့ ကိုယ့်ကိုကိုယ်ပဲအပြစ်တင်မိတယ်။
ဒါကလဲ ကိုယ့်အရေးအသားလိုအပ်လို့ပဲဖြစ်မှာပါ။
YOU ARE READING
Why Don't WE?✔
Fantasía#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။