Part-35

925 135 27
                                    

လေးနှစ်ခန့်ကြာပြီးနောက်....


ပိတ်ရက်မို့ ဆိုဖာပေါ်မှာခြေကားယား လက်ကားယားပစ်လှဲပြီး ဂိမ်းဆော့နေတဲ့Seok Jinကိုကြည့်ပြီးYoongiခေါင်းတစ်ခါခါဖြင့် မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။

"ဆော့ဂျင်..မင်းအဖေဆီကဖုန်းလာတယ်.."

"ဆိုတော့..."

"မင်းကိုပြန်လွှတ်ခဲ့တော့တဲ့.."

"..."

Seok Jinက ဂိမ်းဆော့နေရာမှ တစ်ချက်တောင်အာရုံရွေ့သွားခြင်းမရှိ။
ဂိမ်းကိုသာသဲကြီးမဲကြီးဆော့နေသည်။

"ဟာကွာ.. နိုင်ခါနီးလေးကို ဘယ်ခွေးသူတောင်းစားကဖြတ်လုသွားတာလဲ..တောက်!"

"ဟေး..မင်းငါပြောတာနားထဲဝင်ရဲ့လား"

"ကျွန်တော်နားထောင်နေပါတယ်.."

"မင်းပြန်ဖို့စိတ်ကူးရှိလား.."

"ယွန်းဂီက ကျွန်တော့်ကိုပြန်လွှတ်ချင်ပြီပေါ့.."

မျက်မှောင်လေးကုပ်ကာပြောလာတဲ့ Seok Jinကြောင့် Yoongiမှင်သေသေသာကြည့်နေလိုက်သည်။
မိသားစုအရသူကဝါကြီးပေမယ့် Seok Jinနဲ့သူဟာ အလွန်ဆုံးသုံးနှစ်ကျော်သာအသက်ကွာတာမို့ Seok Jinကသူ့ကိုဆိုငယ်ငယ်ထဲကနှင့် Yoongiလို့ပဲခေါ်သည်။
Hyungလို့ခေါ်ခိုင်းသော်လည်း ခေါင်းမာလွန်းတဲ့ကလေးက သူဒါဆိုဒါ။ လုံးဝလက်မခံပေ။

"မင်းလည်းငါ့ကုမ္ပဏီမှာ အောက်ခြေကနေဝင်လုပ်လာတာဒါရိုက်တာရာထူးထိရောက်အောင်ကြိုးစားလာခဲ့တာပဲ..
မင်းအခုအရည်အချင်းနဲ့ဆိုရင် ကိုရီးယားမှာရှိတဲ့မင်းအဖေရဲ့ကုမ္ပဏီကို ကောင်းကောင်းဦးစီးလို့ရနေပြီ"

"ကျွန်တော်ပြန်မှာပါ..လေယာဥ်လက်မှတ်တောင် တစ်လကြိုမှာထားပြီးပြီ"

"ဟ..မြန်လှချည်လား.."

"မြန်ရမယ်လေ..ကျွန်တော့်အရည်အချင်းတွေကိုပြသဖို့အတွက်အချိန်ရောက်ပြီယွန်းဂီ.."

"မင်းရဲ့စိတ်တွေကိုအသစ်ကနေပြန်စနိုင်ပြီလား..
အရာအားလုံးကိုခဝါချပစ်နိုင်ပြီလား..
ငါသင်ပေးထားတဲ့ပညာတွေနဲ့ တစ်ခြားသူကိုဒုက္ခရောက်အောင်လုပ်တာမျိုးတော့ငါမလိုချင်ဘူးနော်ဂင်မ်ဆော့ဂျင်..
ငါ့ပညာတွေကိုမင်းစော်ကားဖို့အတွက်ခွင့်မပြုနိုင်ဘူး"

Why Don't WE?✔Where stories live. Discover now