" ကိုကို!! ခင်ဗျား အဲ့လိုလုပ်လို့မရဘူးနော်..
ခင်ဗျားတစ်ယောက်ထဲ အဲဒီလိုဆုံးဖြတ်ပိုင်ခွင့်မရှိဘူးလို့!!"" ကိုကို...လုပ်ပါ....ကျွန်တော့်ကိုထားမသွားပါနဲ့
ကျွန်တော်ကလေ ကိုကိုဘယ်လိုလူမျိုးပဲ ဖြစ်နေဖြစ်နေကိစ္စမရှိပါဘူး..
အဲဒါကြောင့်.. မသွားပါနဲ့.. ကျွန်တော့်ဘေးမှာပဲနေပေးပါ.. နော်..."တောင်းဆိုခယနေသော အသံလေးမှာ အက်ကွဲလှစွာ။
အလားတူစွာပင် တောင်းဆိုခံနေရသည့် ကောင်လေးသည်လည်း မိမိချစ်ရသူအား ကယ်တင်ဖို့အတွက် မည်သည့်အရာကိုပဲ ရင်းရရင်းရဟူ၍ ဆုံးဖြတ်ထားပုံ။မျက်ဝန်းလှလှလေးတွေသည် အောက်သို့ငိုက်စိုက်ကျနေပြီး ထိုမျက်လုံးတွေထဲ ခံစားချက်တွေကအသက်မဲ့နေသယောင်။
ဆုံးဖြတ်ချက်ကို ခိုင်မာစွာချထားပြီးသော Taehyung၏စိမ်းပြာရောင်မျက်ဝန်းလှလှလေးတွေက တဖြည်းဖြည်းပင့်တက်လာပြီးနောက် သူ့ကလေးလေးအား မြတ်နိုးစွာဖြင့် စိုက်ကြည့်သည်။
အကြည့်တွေသည် နူးညံ့ညင်သာနေပြီး ထိုအမျိုးသားလေးမှတဆင့် နံဘေးရှိJungKookထံသို့ တဖြည်းဖြည်းကျရောက်သွားသည့်အခါ အနက်အဓိပ္ပါယ်တစ်မျိုးကို ဖော်ဆောင်သွား၏။Taehyung၏ အကြည့်အဓိပ္ပါယ်ကို နားလည်သော JungKookဟာ မျက်ရည်တစ်ပေါက်နှင့်အတူ ခေါင်းတစ်ချက်ငြိမ့်ပြလာရင်း Seok Jinရဲ့ခန္ဓာကိုယ်လေးအား အတင်းပွေ့ချီ၍ ဂိုဒေါင်အပြင်သို့ ပြေးထွက်သွားတော့လေသည်။
' တောင်းပန်ပါတယ် ကလေးလေး ။ မဟုတ်ရင် ကိုကို မင်းအပေါ် ထပ်ပြီးလောဘတက်မိလိမ့်မယ် '
ဒီဇာတ်လမ်းလေးထဲမှာ ကျွန်တော်ဟာ ဗီလိန်မဟုတ်တဲ့ ဗီလိန်တစ်ယောက် ဖြစ်လာခဲ့တယ်။
အချစ်ခံချင်ရုံလေးပါ။ ကျန်တာဘာတစ်ခုမှမမျှော်လင့်ခဲ့ပါဘူး။
မထင်ထားခဲ့ဘူး ။ ကျိန်စာတွေဟာ တကယ်သက်ရောက်လာလိမ့်မယ်လို့။Seok Jinဟာ ဒီဘဝမှာ Jeon Jungkookထက် သူ့ကိုပိုချစ်ပေးခဲ့တယ်။
ပျော်ခဲ့တယ်။ သိပ်ကိုပျော်ခဲ့တာ။ သူ့ဆီက ကိုယ်တောင့်တခဲ့ရတဲ့ အချစ်ကို ရလိုက်တဲ့အချိန်မှာ ရူးမတတ်ကိုပျော်ခဲ့ရတာ။
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။