Kim Group၏ကားပါကင်နေရာတွင်ဖြစ်၏။
"ဂျောင်ဂု.. နေ့ခင်းကျ ငါတို့ကုမ္ပဏီရဲ့အမြဲလှူနေကျနေရာဖြစ်တဲ့ ကလေးသူငယ်စောင့်ရှောက်ရေးဂေဟာကိုသွားစရာရှိတယ်.."
ပြောလိုက်တော့ မျက်တောင်ရှည်တို့က ပင့်တက်လာသည်။
"အဲဒါ..မင်းရောလိုက်အုံးမလား"
"ဘယ်အချိန်လဲ"
"နေ့ခင်း1နာရီလောက်"
"အင်း..ဂရုစိုက်သွား..
Beomgyuရောပါတယ်မလား""ပါတယ်..ဟင်..မင်းကမလိုက်တော့ဘူးလား"
"ကိုယ်အရေးကြီးတဲ့နိုင်ငံခြားဧည့်သည်တွေနဲ့ချိန်းဆိုထားတာရှိတယ်..မှီမှာမဟုတ်ဘူး"
"အော်..အင်းအင်း"
ထူးထူးဆန်းဆန်း သူ့ကိုတစ်ယောက်ထဲ စိတ်ချလက်ချလွတ်နေသူကြောင့် မသိမသာလေးငဲ့ကြည့်လိုက်သည်။
မျက်နှာလှလှလေးတွင် မည်သည့်အရိပ်အယောင်မျှမရှိနေသလို ပကတိတည်ငြိမ်နေလျက်။
ဝိုင်းစက်နေတဲ့ မျက်ဝန်းကြည်ကြည်လေးတွေက သူ့ကိုစိုက်ကြည့်နေတော့ မနေတတ်စွာလက်တစ်ဖက်ဖြင့် ဂုတ်ပိုးကိုအသာပွတ်နေတုန်း.."နှစ်နာရီ.."
"ဟမ်.."
"အဲဒီမှာနေဖို့နှစ်နာရီပဲအချိန်ပေးမယ်"
"အင်..ဘာလို့.."
Seok Jinပြောလည်းပြော လက်ကောက်ဝတ်ကနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်သည်။
နှစ်နာရီဆိုတော့...။အင်း...ဂေဟာကလူကြီးတွေနဲ့ဆွေးနွေးစရာတစ်ချို့ရှိတယ်ဆိုပေမယ့် နှစ်နာရီဆိုတဲ့အချိန်ကလဲလုံလောက်ပါတယ်လေ။"ရတယ်မလား"
အသံကြည်ကြည်တို့နှင့်ဆိုလာသူကြောင့်...
"ရတယ်..ဒါနဲ့ဘာလို့.."
"ကိုယ်မင်းကိုယုံတယ်ဟန်နီ"
"မဟုတ်သေးဘူး မင်းဘာတွေပြောနေတာလဲ"
"အထဲဝင်တော့.. နောက်ကျတော့မယ်"
"အာ..အင်..အင်..ဒါဆိုငါသွားတော့မယ်"
"အင်း"
"ဟို..မင်းလဲသွားတော့လေ"
"ဟန်နီဝင်သွားတာကိုကြည့်ပြီးမှ ကိုယ်သွားမယ်"
YOU ARE READING
Why Don't WE?✔
Fantasy#Part-1 က Wattpad errorကြောင့် ကျန်တဲ့အပိုင်းတွေကြားထဲရောက်နေတာမို့ Part-1 ကိုအရင်ရှာဖတ်ကြပါနော်။