#Unicode
အပိုင်း(၁)ပျက်စီးယိုယွင်းနေပြီး မည်းမှောင်နေသည့် အဆောက်အဦက စိုထိုင်းကာ မှိုစော်နံနေသည်။ မြွေနှင့် ကြွက်များကလည်း ဟိုမှသည်သို့ ပြေးလွှားနေကြသည်။ သေသေချာချာကြည့်မည်ဆိုလျှင် ထောင့်နားလေးတွင် လှဲနေသော ကလေးတစ်ယောက်ကို မြင်နိုင်မည်ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံးက အလွန်အမင်းတိတ်ဆိတ်နေလျက်ရှိသည်။
ဝေ့စန်းက ဟောင်းနွမ်းပြီး ညစ်ပတ်နေသည့် စောင်ပိုင်းတစ်ခုဖြင့် ဖုံးလွှမ်းခံထားရသည်။ မျက်နှာကျက်သည်ကား ဘိလပ်မြေများကွာနေပြီး စတီးချောင်းများမြင်နေရသည်။ မျက်နှာကျက်ကြီးက ဘယ်အချိန်မဆို ပြိုကျလာနိုင်သည်ဟု သူမမြင်ယောင်နေမိသည်။
"တောက်____"
ရွှံ့ဖြင့်ရောနေသည့် မိလ္လာအညစ်အကြေးတစ်စက် သူမ မျက်နှာပေါ်ပြုတ်ကျလာသည်။
"......"
ဝေ့စန်း မျက်လုံးပင်မဖွင့်လိုက်ပဲ စောင်ပိုင်းကို ပတ်ရင်း အတွင်းပိုင်း ထောင့်စွန်းကို လှိမ့်လိုက်ပြီး အပေါ်ထပ်မှ အစက်များပြုတ်ကျလာသည်ကို ရှောင်ရှားလိုက်ပြီး ဆက်အိပ်နေလိုက်သည်။
မနက်လေးနာရီတွင် ထောင့်တစ်နေရာမှ နှိုးစက်နာရီတစ်လုံးက ရုတ်တရက်ကြီးထမြည်လာ၍ ဝေ့စန်း လှမ်းပိတ်လိုက်ရသည်။
"ဖျောက်_____"
နှိုးစက်နာရီ၏ခြေထောက်တစ်ဖက် ကျိုးသွားခဲ့သည်။
ရုတ်တရက် ထထိုင်လိုက်ပြီး သူမ၏ကြက်သိုက်လို ပွထနေသော ဆံပင်များကိုကိုင်လိုက်ကာ နှိုးစက်နာရီနှင့် ၎င်း၏ ခြေထောက်တစ်ချောင်းကို ကောက်ယူပြီး ကြည့်လိုက်သည်။ မဆိုးချေ။ ပြင်၍ရသေးသည်။
ဝေ့စန်း စောင်ပိုင်းကိုလိပ်လိုက်ပြီး အနည်းငယ်ပိုသန့်ရှင်းသော ထောင့်တစ်ခုတွင် ပုံထားလိုက်သည်။ ထို့နောက်တွင် သံတိုသံစအပုံဆီသို့ သွားလိုက်ပြီး အိတ်ကြီးကြီးတစ်လုံးကို လှန်လှောရှာဖွေလိုက်ပြီး စွန့်ပစ်ထားသည့် အဆောက်အဦဆီမှ ထွက်လာလိုက်သည်။
သူမကား အမှိုက်ကောက်ရန် သွားနေခြင်းဖြစ်သည်။
လွန်ခဲ့သည့်တစ်လခန့်က ဝေ့စန်းတစ်ယောက် အစားအသောက်အတွက်မပူပန်ရသော အကြီးတန်းအင်ဂျင်နီယာတစ်ယောက်အဖြစ်မှ အမှိုက်မျိုးစုံစားနေရသော ခုနစ်နှစ်အရွယ် မိဘမဲ့လေးတစ်ယောက် ဖြစ်လာရသည်။ သူမ နိုးလာချိန်တွင် သူမကို ကိုက်ချင်နေသည့် ကြွက်ကြီးတစ်ကောင်က မျက်နှာရှေ့တွင် ထိုင်နေလေသည်။
YOU ARE READING
အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်
ActionEng name - Smash All Pots and Pans To Go To School Author(s) Hong Ci Bei 红刺北 Status in COO 337 Chapters ဝေ့စန်းဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကူးပြောင်းလာပြီးနောက်မှာ မက်ခါတိုက်ခိုက်ရေးပညာရှင်ဖြစ်လာတဲ့ အကြောင်းလေးပါ ဖတ်ရင်းနဲ့ တခွိခွိရယ် တဟိဟိရယ် တဟား...