27/28/29/30

466 93 25
                                    

#Unicode
အပိုင်း(၂၇)

ကျောင်းကိုတောင်းဆိုရသည်က ထိုက်ဝူသဲ့ထင်ထားသည်ထက် ပိုမိုလွယ်ကူနေခဲ့သည်။

အစပိုင်းတွင် ကျောင်းဘက်က ကျောင်းသားတစ်ယောက်က မက်ခါကို တစ်စစီဖြုတ်မည်ဟု လာပြောသည်ကို ကြားလိုက်သည်နှင့် ချက်ချင်းငြင်းဆိုပြီး မဖြစ်နိုင်ဟု ပြောခဲ့သည်။ ကျောင်းတွင် မက်ခါတစ်ခုတည်းသာ ရှိသည်ဖြစ်၍ ငှားရမ်းပေးရန် ဘယ်လိုလုပ် ဆန္ဒရှိပါ့မလဲ?

နောက်ပိုင်းတွင် ထိုက်ဝူသဲ့က သူ့အဖေက်််ို ကျောင်းသို့လိုက်လာရန် တောင်းဆိုခဲ့ပြီး သူက အိမ်တွင်ရှိနေသော မက်ခါကိုလှူဒါန်းမည်ဖြစ်သော်လည်း ထိုမက်ခါက အလှသုံးမက်ခါသာဖြစ်နေ၍ ကျောင်းတွင်သုံးနေသော မက်ခါကို တစ်စစီဖြုတ်ကာ လေ့လာပြီးမှ အလှသုံးမက်ခါကို အဆင့်မြှင့်တင်ချင်သည်ဖြစ်ကြောင်း ပြောလိုက်သည်။

ကျောင်းက တုန့်ဆိုင်းနေခဲ့သေးသည်။

အဆင့်မြှင့်တင်ခြင်းအောင်မြင်ပါက ကျောင်းတွင် မက်ခါအသစ်တပ်တိုးလာမည်ဖြစ်သည်။ သို့သော်လည်း အဆင့်မြှင့်တင်ခြင်း ကျရှုံးခဲ့လျှင် ကျောင်းတွင်ရှိသော တစ်ခုတည်းသော မက်ခါပါ ပျက်ဆီးသွားမည်ဖြစ်ပြီး အကျိုးရှိမည့်အစား ဆုံးရှုံးမှု များသွားရလိမ့်မည်ဖြစ်သည်။

တုန့်ဆိုင်းနေပြီးနောက်တွင် ကျောင်းက မက်ခါကို ငှားရမ်းပေးရန် သဘောတူလိုက်သည်။ သို့သော်လည်း မက်ခါကို အဆင့်မြှင့်တင်ရန်အတွက် တစ်စစီဖြုတ်ခြင်း ပြုလုပ်ရမည့်လူနေရာတွင် ကျောင်းမှဆရာများဖြစ်ရမည်ဟု ပြောလေသည်။

ထိုက်ဝူသဲ့က သဘောမတူခဲ့ပေ။
"ကျောင်းမှာရှိတဲ့ ဘယ်ဆရာကများက အလှသုံးမက်ခါကို တိုက်ခိုက်ရေး မက်ခါအဖြစ် ပြောင်းပေးနိုင်လို့လဲ?"

သူက ထိုသိုသာပြောပြီး သူ့မိသားစုမှ ဖိတ်ခေါ်ထားသော မက်ခါအင်ဂျင်နီယာကိုသာ ကိုင်တွယ်ခွင့်ပေးရန် ပြောလိုက်သည်။ သို့သော်လည်း ထိုအင်ဂျင်နီယာဆိုသူက ဝေ့စန်းဖြစ်ကြောင်း မပြောပြလိုက်ပေ။

နောက်ဆုံးတွင် ကျောင်းမှ သဘောတူပေးလိုက်ပြီး ထိုက်ဝူသဲ့ကို လွှဲပေးခဲ့သော်လည်း လက်ထောက်အကူများအဖြစ် ကျောင်းမှ ဆရာများကို လွှတ်မည်ဖြစ်ကြောင်း ပြောလိုက်သည်။

အိုးတွေခွက်တွေအကုန်ရိုက်ခွဲပြီးကျောင်းသွားတက်မယ်Where stories live. Discover now